တာယာလေဖိအား မမှန်ရင် ဖြစ်လာနိုင်သည့် နောက်ဆက်တွဲပြဿနာများ
04 September 2026
— ရေးသားသူ
BIB Admin
တာယာလေ နည်းရင် ဘာတွေဖြစ်နိုင်လဲ?
တာယာလေ နည်းနေတာကို “ဘာမှမဖြစ်ပါဘူး” ဆိုပြီး မပေါ့ဆပါနဲ့။ တာယာ Pressure မမှန်ရင် ကားရဲ့ မောင်းနှင်မှု၊ တာယာသက်တမ်းနဲ့ ဆီစားနှုန်း ကို ထိခိုက်နိုင်ပါတယ်။
1️⃣ ဆီပိုစားနိုင်တယ်
တာယာလေ နည်းရင် လမ်းနဲ့ ထိတွေ့မှု ပိုများပြီး Rolling Resistance တက်နိုင်တာကြောင့် ဆီစားနှုန်း ပိုများလာနိုင်ပါတယ်။
2️⃣ တာယာစားတာ မညီနိုင်တယ်
လေမလုံလောက်ရင် တာယာဘေးသားပိုင်းတွေ ပိုစားနိုင်ပြီး တာယာသက်တမ်းလည်း လျော့နိုင်ပါတယ်။
3️⃣ Steering မတည်ငြိမ်နိုင်တယ်
အထူးသဖြင့် အရှိန်မြင့်မောင်းတဲ့အခါ Steering Response ပြောင်းလဲပြီး ကားကို ထိန်းရတာ ပိုခက်နိုင်ပါတယ်။
4️⃣ တာယာအပူ ပိုတက်နိုင်တယ်
တာယာလေ အရမ်းနည်းပြီး အရှိန်နဲ့ ကြာကြာမောင်းရင် တာယာအပူတက်မှု ပိုများနိုင်ပါတယ်။
5️⃣ တာယာပျက်စီးနိုင်ခြေ တိုးနိုင်တယ်
လေဖိအား အရမ်းနည်းနေတဲ့အခြေအနေမှာ ချိုင့်၊ အဖုတွေကို ဖြတ်မောင်းတဲ့အခါ တာယာနဲ့ Wheel ပိုင်း ထိခိုက်နိုင်ပါတယ်။
💡 ဘယ်လောက်ထားရမလဲ?
“တာယာပေါ်မှာ ရေးထားတဲ့ PSI အတိုင်းပဲ ထားရမယ်” လို့ မယူဆပါနဲ့။
ကိုယ့်ကားရဲ့ Driver Door အတွင်းဘက် Sticker / Owner's Manual မှာ သတ်မှတ်ထားတဲ့ Cold Tire Pressure ကို ဦးစားပေးပါ။
📌 တာယာလေကို တာယာအေးနေချိန် စစ်တာ ပိုမှန်ကန်ပါတယ်။
⚠️ အရေးကြီး: ဘယ်ဘက်/ညာဘက် တာယာ Pressure မညီတာ၊ လေမကြာခဏလျော့နေတာရှိရင် Puncture သို့မဟုတ် Valve/တာယာပိုင်း ပြဿနာ ရှိနိုင်လို့ စစ်ဆေးပါ။
Credit to ထွန်းတောက် Car Spare Parts Trading