Loading...

Yaung Ni Oo ကုမ္ပဏီမှ DFSK Brand ဖြစ်သည့် K01S နှင့် K02S Pickup Truck အမျိုးအစား မိတ်ဆက်ပွဲအခမ်းအနား

16 November 2026
BIB Admin

Yaung Ni Oo Automobile Co.,Ltd မှ DFSK Brand ဖြစ်သည့် K01S Single Cabin Pickup Truck နှင့် K02S Double Cabin Pickup Truck အမျိုးအစား မိတ်ဆက်ပွဲအခမ်းအနားကို နိုဝင်ဘာ ၁၄ ရက် ညနေပိုင်းက တောင်ဒဂုံမြို့နယ်၊ အမှတ် ၆၈၊ ဧရာဝဏ်လမ်းနှင့် ပြည်ထောင်စုလမ်းထောင့်တွင် ပြုလုပ်ခဲ့သည်။
K01S Single Cabin Pickup Truck သည် နှစ်ယောက်စီး Pickup Truck ကားအမျိုးအစားဖြစ်ပြီး ကုန်တင်ခန်းဧရိယာ အကျယ်ဆုံးရယူလိုသည့် စီးပွားရေးလုပ်ငန်းများအတွက် သီးသန့်ရည်ရွယ်ထားခြင်းဖြစ်ကာ 1.2L ဓာတ်ဆီအင်ဂျင်ကို အသုံးပြုထားသောကြောင့် မြို့တွင်းမြို့ပြင် ကုန်သယ်ယူရာ၌ ဆီစားသက်သာစေသည်။
ယင်းအပြင် အရှည် ၂၇၀၀ မီလီမီတာရှိသည့် ကုန်တင်နေရာပါဝင်သဖြင့် ကုန်ပစ္စည်းများများနှင့် အခေါက်ရေနည်းနည်း တင်ဆောင်နိုင်ကာ တစ်တန်နီးပါး စိတ်ချစွာကုန်တင်နိုင်ကြောင်း၊ RWD နောက်ဘီးမောင်းစနစ်နှင့် အနောက်ဘက် Leaf Springs စနစ်ပါသဖြင့် ကုန်ပစ္စည်းများကို ငြိမ်သက်စွာသယ်ယူနိုင်ကြောင်း သိရသည်။
K02S Double Cabin Pickup Truck သည် ငါးယောက်စီး Pickup Truck ကားအမျိုးအစားဖြစ်ပြီး ဝန်ထမ်းသယ်ယူစရိတ်နှင့် ကုန်ပစ္စည်းတင်ဆောင်မှုကို တစ်ပြိုင်နက်ပြုလုပ်လိုသည့် လုပ်ငန်းရှင်များအတွက် အဆင်ပြေမည့် ယာဉ်တစ်စီးဖြစ်ကြောင်း သိရသည်။
1.2L ဓာတ်ဆီအင်ဂျင်၊ 5 Speed Manual Transmission ဂီယာစနစ်ကို တွဲဖက်ထားသဖြင့် ဝန်အပြည့်တင်ဆောင်ချိန်တွင် ရုန်းအားကောင်းမွန်စွာမောင်းနှင်နိုင်ကြောင်း သိရသည်။
ထို့ပြင် ဝန်ထမ်းငါးဦး တင်ဆောင်နိုင်ပြီး အရှည် နှစ်ထောင်မီလီမီတာရှိသည့် ကုန်တင်ဘောက်ပါရှိကာ ကုန်ပစ္စည်း တစ်တန်နီးပါး စိတ်ချစွာတင်ဆောင်နိုင်ပြီး RWD နောက်ဘီးမောင်းစနစ်နှင့် အနောက်ဘက် Leaf Springs စနစ်ပါသဖြင့် ကုန်ပစ္စည်းများကို ငြိမ်သက်စွာသယ်ယူနိုင်ကြောင်း သိရသည်။
Yaung Ni Oo Automobile Co., Ltd မှ DFSK Brand ဖြစ်သည့် K01S Single Cabin Pickup Truck နှင့် K02S Double Cabin Pickup Truck တို့ကို Authorized Sales & Service Center ဖွင့်လှစ်ထားကြောင်း သိရသည်။
Yaung Ni Ni Oo Automobile Co.,Ltd. သည် After Sale Service လုပ်ငန်းများကို ၂၀၁၅ ခုနှစ်ကတည်းက စတင်လုပ်ဆောင်ခဲ့ပြီး ၂၀၂၆ ခုနှစ်တွင် Standard Solutions Service Center ကို စတင်တည်ထောင်ခဲ့သည်။
Standard Solutions Service Center သည် Yaung Ni Oo Co., Ltd ၏ တင်သွင်းသမျှ Brand တိုင်းအတွက် Authorized Service Center တစ်ခုလည်းဖြစ်ပါသည်။
DFSK သည် ၂၀၀၃ ခုနှစ်မှ စတင်ခဲ့ပြီး နိုင်ငံပေါင်း ၇၀ ခန့်တွင် ဖြန့်ဖြူးရောင်းချလျက်ရှိပြီး DFSK သည် MPV, SUV, Crossover, Ev, commercial စသည့် Car Segment အစုံအလင်ကို ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသည်။
Yaung Ni Oo Automobile Co.,Ltd သည် မြန်မာ့မော်တော်ကားလောကတွင် နှစ်ပေါင်းဆယ်စုနှစ်ကျော် တည်ဆောက်ထားသော ယုံကြည်မှုကို ရရှိထားသည့် ကုမ္ပဏီတစ်ခုဖြစ်ကြောင်းသိရသည်။
credit to Eleven Media Group

သတင်းများ

၂၀၂၇ တွင် ID.4 နှင့် ID.5 နေရာကို အစားထိုးမည့် Volkswagen ID. Tiguan လျှပ်စစ် SUV သစ် စတင်ထုတ်လုပ်ပြီ
၂၀၂၇ တွင် ID.4 နှင့် ID.5 နေရာကို အစားထိုးမည့် Volkswagen ID. Tiguan လ...

Volkswagen ID. Tiguan လျှပ်စစ် SUV သစ် စတင်ထုတ်လုပ်နေပြီ၊ 2027 မှာ ID.4 နေရာကို အစားထိုးဝင်ရောက်လာမည် Volkswagen ဟာ ကမ္ဘာတစ်ဝန်း ရောင်းအားအကောင်းဆုံး SUV မော်ဒယ်တွေထဲက တစ်ခုဖြစ်တဲ့ Tiguan ကို လျှပ်စစ်ကား (EV) အဖြစ် ပြော...

13 November 2026 ဆက်လက်ဖတ်ရှုရန်
သတ်မှတ်ရက်အတွင်း YCTA အသင်းဝင်မှတ်ပုံတင်ခြင်းနှင့် CNG Sticker ကပ်ခြင်းမပြုသည့် Taxi များ CNG ဝယ်ယူခွင့် ယာယီပိတ်သိမ်းမည်
သတ်မှတ်ရက်အတွင်း YCTA အသင်းဝင်မှတ်ပုံတင်ခြင်းနှင့် CNG Sticker ကပ်ခြင်...

CNG အသုံးပြု Taxi ယာဉ်များအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး စီးတီးတက္ကစီအသင်း (YCTA) တွင် အသင်းဝင်မှတ်ပုံတင်ခြင်းနှင့် CNG Sticker ကပ်ခြင်းလုပ်ငန်းများကို ၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံးထား ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ရ...

12 November 2026 ဆက်လက်ဖတ်ရှုရန်
Toyota Corolla နှစ် ၆၀ ပြည့် အထိမ်းအမှတ် Special Edition မော်ဒယ်သစ် ၃ မျိုး မိတ်ဆက်
Toyota Corolla နှစ် ၆၀ ပြည့် အထိမ်းအမှတ် Special Edition မော်ဒယ်သစ် ၃...

Toyota က Corolla ရဲ့ နှစ်ပေါင်း ၆၀ ပြည့် အထိမ်းအမှတ်အဖြစ် Corolla Hatchback, Corolla Sedan နဲ့ Corolla Cross တို့ကို 60th Anniversary Special Edition မော်ဒယ်တွေအဖြစ် မိတ်ဆက်လိုက်ပါတယ်။ Corolla Hatchback နဲ့ Sedan မော်ဒယ...

10 November 2026 ဆက်လက်ဖတ်ရှုရန်
Swann Thu Aung EV Taxi ၏ နေ့စဉ် ကားထွက်ချိန်များနှင့် နေ့လယ် ၂:၀၀ နာရီ အထူးလျှော့ဈေး အစီအစဉ်
Swann Thu Aung EV Taxi ၏ နေ့စဉ် ကားထွက်ချိန်များနှင့် နေ့လယ် ၂:၀၀ နာရီ...

ပြေးဆွဲပေးနေသော ခရီးစဉ်လမ်းကြောင်းများ - ရန်ကုန် ⇄ မော်လမြိုင် ရန်ကုန် ⇄ ဘားအံ နေ့စဉ် ပုံမှန်ကားထွက်ချိန်များ မနက် ၅:၀၀ နာရီ မနက် ၇:၀၀ နာရီ မနက် ၁၀:၀၀ နာရီ နေ့လယ် ၂:၀၀ နာရီ (Special Promotion အချိန်) နေ့လယ် ၂:၀၀...

09 November 2026 ဆက်လက်ဖတ်ရှုရန်
၅ မိနစ်နဲ့ ကားပေါ့သွားမယ့် MAF Sensor ဆေးနည်း အမှန်
၅ မိနစ်နဲ့ ကားပေါ့သွားမယ့် MAF Sensor ဆေးနည်း အမှန်

ဒီပုံထဲကအတိုင်း MAF Sensor ဆိုတာ Air Filter ဗူးနောက်မှာရှိတဲ့ အင်ဂျင်ထဲဝင်တဲ့လေကို တိုင်းတာတဲ့ Sensor ပါ။ ညစ်ပတ်နေရင် - • ကားလေးတယ်၊ ဆွဲအားကျတယ် • ဆီအရမ်းစားတယ် • Idle မှာ တုန်တယ်၊ စက်ရပ်တယ် • Check Engine လင်းပြီး P010...

09 November 2026 ဆက်လက်ဖတ်ရှုရန်
  • ပညာမျှဝေချင်သူများနှင့် ပညာရှာချင်သူများ၏ ဆုံစည်းရာနေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    ကျောင်း
  • စားသောက်ဆိုင်အချက်အလက်များနှင့် မြို့တွင်းအကောင်းဆုံးစျေးများကို
    ကြည့်ရှုနိုင်သည့်နေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    ဆိုင်
  • နာမည်ကြီး Tour Agency များမှ ခရီးစဉ်သစ်များနှင့် ခရီးစဉ်ပက်ကေ့ဂျ်များ၏
    နောက်ဆုံးအပ်ဒိတ်များကို ရယူနိုင်မည့်နေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    ခရီး
  • အလုပ်ရှာဖွေလိုသူများနှင့် အလုပ်ကြေညာသူများကို ချိတ်ဆက်ပေးသောနေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    JOB
  • အိမ်ခြံ‌မြေ ရောင်း၀ယ်ငှားရမ်းသူများနှင့် အခုပဲ ချိတ်ဆက်လိုက်ပါ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    အိမ်ခြံမြေ