သတ်မှတ်ရက်အတွင်း YCTA အသင်းဝင်မှတ်ပုံတင်ခြင်းနှင့် CNG Sticker ကပ်ခြင်းမပြုသည့် Taxi များ CNG ဝယ်ယူခွင့် ယာယီပိတ်သိမ်းမည်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ CNG အသုံးပြု Taxi ယာဉ်များအားလုံး သတ်မှတ်ထားသည့် လုပ်ငန်းစဉ်များကို အချိန်မီပြီးစီးအောင် ဆောင်ရွက်ကြရန် အသိပေးထားခြင်းဖြစ်သည်။
သတ်မှတ်ရက်ဖြစ်သည့် ၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်အတွင်း YCTA အသင်းဝင်မှတ်ပုံတင်ခြင်းနှင့် CNG Sticker ကပ်ခြင်းတို့ကို ဆောင်ရွက်ပြီးစီးမှုမရှိသည့် ယာဉ်များကို ၂၀၂၇ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှစတင်ကာ CNG ဝယ်ယူခွင့် ယာယီပိတ်သိမ်းသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် သတ်မှတ်ချက်များနှင့်အညီ လိုအပ်သည့်လုပ်ငန်းစဉ်များ ဆောင်ရွက်ပြီးစီးမှသာ CNG ဝယ်ယူခွင့်ကို ပြန်လည်ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။
သို့ဖြစ်ရာ CNG အသုံးပြု Taxi ယာဉ်ပိုင်ရှင်များအနေဖြင့် CNG ဝယ်ယူခွင့် ယာယီပိတ်သိမ်းခံရခြင်း မရှိစေရန် YCTA အသင်းဝင်မှတ်ပုံတင်ခြင်းနှင့် CNG Sticker ကပ်ခြင်းလုပ်ငန်းများကို သတ်မှတ်ရက်မကျော်မီ အချိန်မီဆောင်ရွက်ထားကြရန် လိုအပ်မည်ဖြစ်သည်။
credit to Popular News Journal



