Grab မိတ်ဖက် ယာဉ်မောင်းများအတွက် ကားမော်ဒယ် အဆင့်မြှင့်တင်ရင်း ကျပ် (၃) သိန်းခွဲအထိ အထူးလက်ဆောင် ရယူနိုင်မည့် အစီအစဉ်
ဒါဆိုရင်တော့ ကားမော်ဒယ် အဆင့်မြှင့်ရင်း Grab က စီစဉ်ထားတဲ့ မိတ်ဖက်ယာဉ်အဆင့်မြှင့် ပံ့ပိုးမှုအစီအစဉ်ရဲ့ ၂၀၂၆ နှစ်ကုန် အထူးခံစားခွင့်ကို ရယူလိုက်တော့နော် 🎁
မိမိရဲ့ လက်ရှိယာဉ်ကို ၂၀၀၀ ခုနှစ်နဲ့အထက် မော်ဒယ်နဲ့အတူ GrabTaxi, GrabTaxi Plus နဲ့ GrabTaxi EV ဝန်ဆောင်မှု အမျိုးအစားတွေဆီ အဆင့်မြှင့်တင် ပြောင်းလဲလိုက်တာနဲ့ မန်ဘာအဆင့်အလိုက် အများဆုံး ကျပ် ၃၅၀,၀၀၀ အထိ Credit Wallet ထဲ လက်ဆောင် ရရှိမှာပါ 💸
ဒီပံ့ပိုးမှုအစီအစဉ်ကို ၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်အထိ ပြုလုပ်ပေးသွားမှာ ဖြစ်ပြီး ကား မော်ဒယ် အဆင့်မြှင့်ပြီး ရက်သတ္တပတ် ၁ ပတ်တာအတွင်း Credit Wallet ထဲ တိုက်ရိုက် ထည့်ပေးသွားမှာပါ။
ကားမော်ဒယ်အသစ်နဲ့ ပိုမို ခိုင်မာတဲ့ ဝင်ငွေတွေ ဖန်တီးရင်း Grab က ပေးတဲ့ အထူးလက်ဆောင်ကိုပါ ရယူဖို့ အခုပဲ ကားအဆင့်မြှင့်တင်လိုက်ကြရအောင် 💚
ကားမော်ဒယ်အဆင့်မြှင့်ပြီးတဲ့အခါ အောက်ပါ Grab ယာဉ်မောင်းစင်တာတွေမှာ ယာဉ်အချက်အလက်တွေကို ကိုယ်တိုင် လာရောက်စာရင်းသွင်းပေးရမှာပါနော်။
Grab စင်တာ (၁) အမှတ် ၁၁(က)၊ ကမ္ဘောဇရိပ်သာလမ်း၊ ရွှေတောင်ကြားရပ်ကွက်၊ ဗဟန်းမြို့နယ်။
Grab စင်တာ (၂) BOC Petrol Station၊ အမှတ် (၂) လမ်းမကြီး၊ တောင်/မြောက်လမ်းဆုံ၊ မြောက်ဒဂုံမြို့နယ်။
by Grab Drivers Myanmar



