Toyota Corolla နှစ် ၆၀ ပြည့် အထိမ်းအမှတ် Special Edition မော်ဒယ်သစ် ၃ မျိုး မိတ်ဆက်
Corolla Hatchback နဲ့ Sedan မော်ဒယ်တွေမှာ 1.8L Hybrid အင်ဂျင်စနစ်ကို အသုံးပြုထားပြီး Hatchback ရဲ့ စုစုပေါင်းစွမ်းအားက 103 kW ဖြစ်ပါတယ်။ ဆီစားနှုန်းအနေနဲ့ 100 km ကို 4.0 လီတာခန့်သာ သုံးစွဲမှာဖြစ်ပြီး Toyota Safety Sense 3 လုံခြုံရေးနည်းပညာကိုလည်း ထည့်သွင်းပေးထားပါတယ်။
Corolla Sedan 60th Anniversary Edition မှာတော့ အထူး Anniversary Badge၊ အလှဆင်ထားတဲ့ Instrument Panel နဲ့ Leather၊ Suede ပေါင်းစပ်ထားတဲ့ အတွင်းခန်းကို အသုံးပြုထားပြီး တောင်အာဖရိကဈေးကွက်မှာ R596,300 နဲ့ ရောင်းချမှာဖြစ်ပါတယ်။
Corolla Cross 60th Anniversary Edition ကတော့ 1.8L Petrol အင်ဂျင်၊ 103 kW စွမ်းအားနဲ့ 173 Nm Torque ထုတ်ပေးနိုင်ပြီး CVT ဂီယာစနစ်ကို အသုံးပြုထားပါတယ်။ ဆီစားနှုန်းက 100 km ကို 6.7 လီတာခန့်ဖြစ်ပါတယ်။
အပြင်ပိုင်းမှာ Black Bi-tone Roof၊ 17-inch Black Alloy Wheels နဲ့ Roof Cross Bars တွေ ပါဝင်သလို အတွင်းခန်းမှာလည်း Black နဲ့ Brown Leather အပြင်အဆင်၊ Anniversary Badge နဲ့ အထူး Floor Mats တွေ ထည့်သွင်းပေးထားပါတယ်။ တောင်အာဖရိကဈေးကွက်အတွက် ဈေးနှုန်းက R499,900 ဖြစ်ပါတယ်။
Toyota Corolla ရဲ့ နှစ်ပေါင်း ၆၀ ကြာ အောင်မြင်မှုကို ဂုဏ်ပြုထားတဲ့ ဒီ Special Edition မော်ဒယ်တွေဟာ မူလ Corolla ရဲ့ ယုံကြည်စိတ်ချရမှုကို ခေတ်မီဒီဇိုင်း၊ နည်းပညာနဲ့ အထူးအပြင်အဆင်တွေ ပေါင်းစပ်ဖော်ပြထားတာဖြစ်ပါတယ်။
credit to EVAN Automobile



