Loading...

၂၀၂၇ တွင် ID.4 နှင့် ID.5 နေရာကို အစားထိုးမည့် Volkswagen ID. Tiguan လျှပ်စစ် SUV သစ် စတင်ထုတ်လုပ်ပြီ

13 November 2026
BIB Admin

Volkswagen ID. Tiguan လျှပ်စစ် SUV သစ် စတင်ထုတ်လုပ်နေပြီ၊ 2027 မှာ ID.4 နေရာကို အစားထိုးဝင်ရောက်လာမည်
Volkswagen ဟာ ကမ္ဘာတစ်ဝန်း ရောင်းအားအကောင်းဆုံး SUV မော်ဒယ်တွေထဲက တစ်ခုဖြစ်တဲ့ Tiguan ကို လျှပ်စစ်ကား (EV) အဖြစ် ပြောင်းလဲထုတ်လုပ်လိုက်ပြီဖြစ်ပါတယ်။
Volkswagen ID. Tiguan လို့ အမည်ပေးထားတဲ့ လျှပ်စစ် SUV သစ်ကို ဂျာမနီနိုင်ငံ Emden စက်ရုံမှာ Series Production စတင်နေပြီဖြစ်ပြီး 2027 ခုနှစ်မှာ လက်ရှိ ID.4 နဲ့ ID.5 တို့ရဲ့နေရာကို အစားထိုးဝင်ရောက်လာမှာ ဖြစ်ပါတယ်။
ဒီဇိုင်းပိုင်းနှင့် အတွင်းခန်း
ID. Tiguan ဟာ Volkswagen ရဲ့ “Pure Positive” Design Language ကို အသုံးပြုထားပြီး အပြင်ပိုင်းနဲ့ အတွင်းပိုင်းဒီဇိုင်းကို အပြောင်းအလဲကြီးကြီးမားမား ပြုလုပ်ထားပါတယ်။
ရိုးရာ SUV ပုံစံကို ပိုမိုထင်ရှားစေတဲ့ Boxy Design ကျယ်ဝန်းပြီး ခပ်ထောင့်ထောင့်ပုံစံ Front Design Flush Door Handle အစား ရိုးရာ Pull-style Door Handle များ အသုံးပြုထားခြင်း
10-inch Digital Cockpit
15-inch Central Infotainment Displa
ရွေးချယ်နိုင်မယ့် 12-inch Passenger Display
ထူးခြားချက်တစ်ခုကတော့ သုံးစွဲသူတွေရဲ့ တုံ့ပြန်ချက်တွေကို ထည့်သွင်းစဉ်းစားပြီး Physical Buttons တွေကို ပြန်လည်ထည့်သွင်းပေးထားခြင်း ဖြစ်ပါတယ်။ Center Display အောက်ပိုင်းနဲ့ Steering Wheel မှာ Climate Control အပါအဝင် လုပ်ဆောင်ချက်အချို့ကို ခလုတ်တွေနဲ့ တိုက်ရိုက်ထိန်းချုပ်နိုင်မှာပါ။
Retro Mode လည်း ပါဝင်လာမည်
Volkswagen ရဲ့ ဂန္ထဝင်မော်ဒယ်တွေကို အမှတ်ရစေဖို့ Retro Mode အသစ်ကိုလည်း ထည့်သွင်းပေးထားပါတယ်။
ဒီ Feature ကို အသုံးပြုလိုက်ရင် Digital Cockpit နဲ့ Center Display တို့ရဲ့ ပုံစံကို ပထမမျိုးဆက် Golf မော်ဒယ်ရဲ့ Dashboard ဒီဇိုင်းပုံစံအတိုင်း ပြောင်းလဲအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
ဒါ့အပြင် Infotainment Screen ပေါ်က Virtual Garage မှာလည်း Golf I, Golf II Country, Golf IV, Tiguan I, Race Touareg နဲ့ Beetle စတဲ့ ဂန္ထဝင် Volkswagen ကားမော်ဒယ် ၆ မျိုးကို ရွေးချယ်ပြသနိုင်မှာပါ။
Battery နှင့် Performance
Volkswagen ID. Tiguan ကို Battery Pack နှစ်မျိုးနဲ့ Performance အဆင့်သုံးမျိုး ရွေးချယ်နိုင်အောင် ထုတ်လုပ်ထားပါတယ်။
Standard RWD
Motor Power – 140 kW (190 PS)
Battery Capacity – 58 kWh
Long Range RWD
Motor Power – 210 kW (286 PS)
Battery Capacity – 77 kWh
Performance AWD (4MOTION)
Motor Power – 220 kW (299 PS)
Battery Capacity – 77 kWh
Configuration အပေါ်မူတည်ပြီး WLTP စံနှုန်းအရ အများဆုံးမောင်းနှင်နိုင်တဲ့အကွာအဝေးမှာ 607 km (377 miles) အထိ ရရှိနိုင်ပါတယ်။
ဈေးနှုန်းနှင့် ရောင်းချမည့်အခြေအနေ
Volkswagen ID. Tiguan အတွက် ဂျာမနီနိုင်ငံနဲ့ ဥရောပဈေးကွက်အချို့မှာ 2026 ခုနှစ် အောက်တိုဘာလကတည်းက ကြိုတင်မှာယူမှုတွေ စတင်လက်ခံနေပြီဖြစ်ပါတယ်။
စတင်ဈေးနှုန်းကတော့ €42,695 (အမေရိကန်ဒေါ်လာ $47,800 ဝန်းကျင်) ဖြစ်ပြီး Trend, Life နဲ့ Style ဆိုတဲ့ Trim Level သုံးမျိုး ရွေးချယ်နိုင်မှာပါ။
အမေရိကန်ဈေးကွက်အတွက် တရားဝင်ဈေးနှုန်းကိုတော့ မကြေညာသေးပါဘူး။ လက်ရှိ ID.4 ထက် WLTP Range 40 km ဝန်းကျင် ပိုမိုရရှိလာတာကြောင့် EPA စံနှုန်းအရလည်း မိုင် 300 ကျော် မောင်းနှင်နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။
Volkswagen ဟာ နံပါတ်အခြေပြု ID.4, ID.5 အမည်ပေးစနစ်ကနေ လူသိများပြီးသား Tiguan အမည်ကို လျှပ်စစ်ကားမျိုးဆက်သစ်မှာ ပြန်လည်အသုံးပြုလာတာ ဖြစ်ပါတယ်။
ID. Tiguan ဟာ Volkswagen ရဲ့ ရိုးရာ SUV ဒီဇိုင်း၊ ခေတ်မီ EV နည်းပညာနဲ့ အသုံးပြုရလွယ်ကူတဲ့ Interior Design တို့ကို ပေါင်းစပ်ထားတဲ့ လျှပ်စစ် SUV အသစ်တစ်စီး ဖြစ်လာပါတယ်။
credit to EVAN Automobile

သတင်းများ

သတ်မှတ်ရက်အတွင်း YCTA အသင်းဝင်မှတ်ပုံတင်ခြင်းနှင့် CNG Sticker ကပ်ခြင်းမပြုသည့် Taxi များ CNG ဝယ်ယူခွင့် ယာယီပိတ်သိမ်းမည်
သတ်မှတ်ရက်အတွင်း YCTA အသင်းဝင်မှတ်ပုံတင်ခြင်းနှင့် CNG Sticker ကပ်ခြင်...

CNG အသုံးပြု Taxi ယာဉ်များအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး စီးတီးတက္ကစီအသင်း (YCTA) တွင် အသင်းဝင်မှတ်ပုံတင်ခြင်းနှင့် CNG Sticker ကပ်ခြင်းလုပ်ငန်းများကို ၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံးထား ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ရ...

12 November 2026 ဆက်လက်ဖတ်ရှုရန်
Toyota Corolla နှစ် ၆၀ ပြည့် အထိမ်းအမှတ် Special Edition မော်ဒယ်သစ် ၃ မျိုး မိတ်ဆက်
Toyota Corolla နှစ် ၆၀ ပြည့် အထိမ်းအမှတ် Special Edition မော်ဒယ်သစ် ၃...

Toyota က Corolla ရဲ့ နှစ်ပေါင်း ၆၀ ပြည့် အထိမ်းအမှတ်အဖြစ် Corolla Hatchback, Corolla Sedan နဲ့ Corolla Cross တို့ကို 60th Anniversary Special Edition မော်ဒယ်တွေအဖြစ် မိတ်ဆက်လိုက်ပါတယ်။ Corolla Hatchback နဲ့ Sedan မော်ဒယ...

10 November 2026 ဆက်လက်ဖတ်ရှုရန်
Swann Thu Aung EV Taxi ၏ နေ့စဉ် ကားထွက်ချိန်များနှင့် နေ့လယ် ၂:၀၀ နာရီ အထူးလျှော့ဈေး အစီအစဉ်
Swann Thu Aung EV Taxi ၏ နေ့စဉ် ကားထွက်ချိန်များနှင့် နေ့လယ် ၂:၀၀ နာရီ...

ပြေးဆွဲပေးနေသော ခရီးစဉ်လမ်းကြောင်းများ - ရန်ကုန် ⇄ မော်လမြိုင် ရန်ကုန် ⇄ ဘားအံ နေ့စဉ် ပုံမှန်ကားထွက်ချိန်များ မနက် ၅:၀၀ နာရီ မနက် ၇:၀၀ နာရီ မနက် ၁၀:၀၀ နာရီ နေ့လယ် ၂:၀၀ နာရီ (Special Promotion အချိန်) နေ့လယ် ၂:၀၀...

09 November 2026 ဆက်လက်ဖတ်ရှုရန်
၅ မိနစ်နဲ့ ကားပေါ့သွားမယ့် MAF Sensor ဆေးနည်း အမှန်
၅ မိနစ်နဲ့ ကားပေါ့သွားမယ့် MAF Sensor ဆေးနည်း အမှန်

ဒီပုံထဲကအတိုင်း MAF Sensor ဆိုတာ Air Filter ဗူးနောက်မှာရှိတဲ့ အင်ဂျင်ထဲဝင်တဲ့လေကို တိုင်းတာတဲ့ Sensor ပါ။ ညစ်ပတ်နေရင် - • ကားလေးတယ်၊ ဆွဲအားကျတယ် • ဆီအရမ်းစားတယ် • Idle မှာ တုန်တယ်၊ စက်ရပ်တယ် • Check Engine လင်းပြီး P010...

09 November 2026 ဆက်လက်ဖတ်ရှုရန်
Grab မိတ်ဖက် ယာဉ်မောင်းများအတွက် ကားမော်ဒယ် အဆင့်မြှင့်တင်ရင်း ကျပ် (၃) သိန်းခွဲအထိ အထူးလက်ဆောင် ရယူနိုင်မည့် အစီအစဉ်
Grab မိတ်ဖက် ယာဉ်မောင်းများအတွက် ကားမော်ဒယ် အဆင့်မြှင့်တင်ရင်း ကျပ် (၃...

မိတ်ဖက်တို့ လက်ရှိမောင်းနေတဲ့ကားက မော်ဒယ် ၁၉၉၉ ခုနှစ်နဲ့ အောက် ဖြစ်နေပြီလား 📣 ဒါဆိုရင်တော့ ကားမော်ဒယ် အဆင့်မြှင့်ရင်း Grab က စီစဉ်ထားတဲ့ မိတ်ဖက်ယာဉ်အဆင့်မြှင့် ပံ့ပိုးမှုအစီအစဉ်ရဲ့ ၂၀၂၆ နှစ်ကုန် အထူးခံစားခွင့်ကို ရယူလ...

09 November 2026 ဆက်လက်ဖတ်ရှုရန်
  • ပညာမျှဝေချင်သူများနှင့် ပညာရှာချင်သူများ၏ ဆုံစည်းရာနေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    ကျောင်း
  • စားသောက်ဆိုင်အချက်အလက်များနှင့် မြို့တွင်းအကောင်းဆုံးစျေးများကို
    ကြည့်ရှုနိုင်သည့်နေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    ဆိုင်
  • နာမည်ကြီး Tour Agency များမှ ခရီးစဉ်သစ်များနှင့် ခရီးစဉ်ပက်ကေ့ဂျ်များ၏
    နောက်ဆုံးအပ်ဒိတ်များကို ရယူနိုင်မည့်နေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    ခရီး
  • အလုပ်ရှာဖွေလိုသူများနှင့် အလုပ်ကြေညာသူများကို ချိတ်ဆက်ပေးသောနေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    JOB
  • အိမ်ခြံ‌မြေ ရောင်း၀ယ်ငှားရမ်းသူများနှင့် အခုပဲ ချိတ်ဆက်လိုက်ပါ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    အိမ်ခြံမြေ