BYD ကိုယ်ပိုင် 4D Radar Chip ထုတ်လုပ်ပြီ — AI ကားနည်းပညာမှာ ခြေလှမ်းသစ်တစ်ခု
03 September 2026
— ရေးသားသူ
BIB Admin
EV ကားထုတ်လုပ်သူ BYD ဟာ မျိုးဆက်သစ် 4D Millimeter-Wave Radar Chip ကို အမြောက်အမြား စတင်ထုတ်လုပ်နေပြီဖြစ်ပါတယ်။
ဒီ Chip ကို BYD ရဲ့ ကိုယ်ပိုင် Xuanji A3 Smart-Driving Chip နဲ့ ပေါင်းစပ်အသုံးပြုနိုင်ပြီး Level 2 ကနေ Level 4 အထိ Smart Driving System တွေအတွက် အထောက်အပံ့ပေးနိုင်ပါတယ်။
အထူးခြားဆုံးအချက်က Radar ဟာ 400 မီတာကျော်အထိ အရာဝတ္ထုတွေကို Detect လုပ်နိုင်တာဖြစ်ပြီး မြို့တွင်းမောင်းနှင်မှု၊ Highway Assistance၊ Automatic Parking နဲ့ Blind-Spot Monitoring စတဲ့ စနစ်တွေမှာ အသုံးပြုနိုင်ပါတယ်။
Chip ကို 28nm Automotive-Grade Process နဲ့ ထုတ်လုပ်ထားပြီး -40°C ကနေ 150°C အထိ အပူချိန်အတွင်း အလုပ်လုပ်နိုင်ပါတယ်။
Transmit Channel 8 ခု၊ Receive Channel 8 ခု ပါဝင်ပြီး ကားတွေအတွက် လုံခြုံရေးနဲ့ ယုံကြည်စိတ်ချရမှုဆိုင်ရာ စံနှုန်းတွေကိုလည်း ဖြည့်ဆည်းထားပါတယ်။
BYD ရဲ့ Xuanji A3 ကတော့ 4nm Process အသုံးပြုထားပြီး Chip တစ်လုံးတည်းနဲ့ 700 TOPS ကျော် Computing Power ရရှိနိုင်ပါတယ်။ Chip 3 လုံးပေါင်းစပ်ရင် 2,100 TOPS ကျော်အထိ ရရှိနိုင်ပါတယ်။
BYD ဟာ Semiconductor နည်းပညာအတွက် ယွမ် 100 ဘီလီယံကျော် ရင်းနှီးမြှုပ်နှံထားပြီး R&D Team မှာလည်း လူ 7,000 ကျော် ရှိပါတယ်။
NIO၊ XPeng နဲ့ Li Auto တို့လို တရုတ် EV ထုတ်လုပ်သူတွေကလည်း ကိုယ်ပိုင် Smart-Driving Chip တွေကို ဖန်တီးလာနေကြတာကြောင့် EV နဲ့ AI ခေတ်မှာ ကိုယ်ပိုင် Chip နည်းပညာဟာ ကားကုမ္ပဏီတွေအတွက် အရေးကြီးတဲ့ အားသာချက်တစ်ခု ဖြစ်လာနေပါတယ်။
Credit to EVAN Automobile