Loading...

ကမ္ဘာ့စံချိန်တင်အောင် အကြမ်းခံခဲ့တဲ့ ၁၉၆၆ Volvo ကားအိုကြီးရဲ့ လျှို့ဝှက်ချက်

21 September 2026
BIB Admin

ကားတစ်စီးကို မိုင် ၁ သန်းပြည့်အောင် မောင်းဖို့ဆိုတာ တော်ရုံဂရုစိုက်ရုံနဲ့ မရဘူးဆိုတာ ကားသမားတိုင်း သိပြီးသားပါဗျာ
ဒါပေမဲ့ အမေရိကန်နိုင်ငံက Irv Gordon ဆိုတဲ့ အမျိုးသားကြီးကတော့ သူ့ရဲ့ ၁၉၆၆ ထုတ် Volvo P1800 ကားလေးတစ်စီးတည်းနဲ့တင် မိုင်ပေါင်း (၃.၂) သန်းအထိ စံချိန်တင် မောင်းနှင်ပြသွားခဲ့ပါတယ်
ဒီအကွာအဝေးဟာ ကမ္ဘာကြီးကို အကြိမ် ၁၂၀ ပတ်လို့ရသလို လကမ္ဘာဆီကို ၆ ခေါက် ခေါက်တုံ့ခေါက်ပြန် သွားလို့ရတဲ့အထိ မယုံနိုင်စရာ စံချိန်ကြီးပါပဲ
ဒီလောက်အထိ အကြမ်းခံပြီး စံချိန်တင်ခဲ့ရတဲ့ လျှို့ဝှက်ချက်ကတော့ Volvo ရဲ့ ခိုင်ခံ့တဲ့ အင်ဂျင်တည်ဆောက်ပုံအပြင် ပိုင်ရှင်ဖြစ်သူရဲ့ စနစ်တကျ ဂရုစိုက်မှုကြောင့်ပါပဲ
အဓိကကတော့ အင်ဂျင်ဝိုင်ကို မိုင် ၃,၀၀၀ ကနေ ၃,၅၀၀ ပြည့်တိုင်း တစ်ကြိမ်မှ မပျက်ကွက်ဘဲ ပုံမှန်လဲလှယ်ပေးတာ၊ မောင်းရတာ ငြိမ့်ညောင်းအောင် ထိန်းမောင်းတာနဲ့ အစိတ်အပိုင်းလေးတွေ ပျက်စီးတာနဲ့ ချက်ချင်း အသစ်လဲလှယ်ပေးခဲ့လို့ပါပဲ
တကယ့်ကို ကားတစ်စီးရဲ့ သက်တမ်းဆိုတာ ထုတ်လုပ်တဲ့ ကုမ္ပဏီရဲ့ အရည်အသွေးနဲ့ မောင်းနှင်သူရဲ့ ဂရုစိုက်မှုပေါ်မှာ လုံးဝမူတည်နေတယ်ဆိုတာကို သက်သေပြသွားခဲ့တဲ့ ကမ္ဘာ့အကြမ်းဆုံး Volvo ကားကြီးပဲ ဖြစ်ပါတယ်

(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com

သတင်းများ

Sodium-ion Battery တွေက Lithium-ion ကို ဘယ်အချိန်မှာ အစားထိုးနိုင်မလဲ?
Sodium-ion Battery တွေက Lithium-ion ကို ဘယ်အချိန်မှာ အစားထိုးနိုင်မလဲ?

လက်ရှိ Smartphone, Laptop ကနေ EV တွေအထိ အများစုမှာ Lithium-ion Battery တွေကို အဓိကအသုံးပြုနေကြပါတယ်။ ဒါပေမယ့် Lithium နဲ့ အခြားကုန်ကြမ်းတွေရဲ့ ကုန်ကျစရိတ်နဲ့ ဝယ်လိုအားမြင့်တက်လာတာကြောင့် ပိုမိုဈေးသက်သာနိုင်တဲ့ Sodium-ion...

21 September 2026 ဆက်လက်ဖတ်ရှုရန်
လမ်းကြောင်းသစ်ကို EV City Bus များဖြင့် စမ်းသပ်ပြေးဆွဲရန် ပြင်နေတဲ့ GYCT
လမ်းကြောင်းသစ်ကို EV City Bus များဖြင့် စမ်းသပ်ပြေးဆွဲရန် ပြင်နေတဲ့ GY...

🔵 လမ်းကြောင်းသစ်ကို EV City Bus များဖြင့် စမ်းသပ်ပြေးဆွဲရန် ပြင်နေတဲ့ GYCT Golden Yangon City Transportation မှ EV City Bus အသစ်များတွင်သွင်း၍ ဝန်ဆောင်မှုများ ပေးရန် ပြင်ဆင်လျက်ရှိကြောင်း မော်တော်ယာဉ်သတင်းများ တင်ဆက်လျ...

21 September 2026 ဆက်လက်ဖတ်ရှုရန်
November BMF Auto Loan ကားပြပွဲ- 40% Downpayment ဖြင့် အိမ်စီးကားနှင့်...

"စိတ်ကြိုက် ကားတစ်စီး ပိုင်ဆိုင်ချင်ပေမဲ့ Downpayment အများကြီး ပေးရမှာ စိုးရိမ်ပြီး ဝယ်ဖို့ တွန့်ဆုတ်နေပါသလား?" 🚗💭 ကားတစ်စီးဆိုတာ ဝယ်ယူသူတိုင်းအတွက် ဘဝရဲ့ အရေးပါတဲ့ လိုအပ်ချက်တစ်ခု၊ အိပ်မက်တစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့...

18 September 2026 ဆက်လက်ဖတ်ရှုရန်
End User တွေ Used EV ဝယ်တဲ့အခါ ဘာတွေသိထားသင့်လဲ ?
End User တွေ Used EV ဝယ်တဲ့အခါ ဘာတွေသိထားသင့်လဲ ?

ဆီကားများတွင် "မော်ဒယ်ဟောင်းသော်လည်း ကီလိုနည်းလျှင်" ဈေးပိုကောင်းတတ်သော်လည်း၊ EV ကားများတွင်မူ ခရီးအကွာအဝေး (Odometer) တစ်ခုတည်းကိုကြည့်၍ တန်ဖိုးဖြတ်၍ မရနိုင်ပါ။ EV တစ်စီးတွင် အရေးအကြီးဆုံးမှာ ဘက်ထရီဖြစ်ပါသည်။ ကားကို ဂိ...

18 September 2026 ဆက်လက်ဖတ်ရှုရန်
ဆီကား ယာဥ်အိုယာဥ်ဟောင်းအပ်နှံပြီး EV တင်သွင်းချင်သူများအတွက် သတင်းကောင်း
ဆီကား ယာဥ်အိုယာဥ်ဟောင်းအပ်နှံပြီး EV တင်သွင်းချင်သူများအတွက် သတင်းကောင...

နိုင်ငံတော်မှဖော်ဆောင်လျက်ရှိသော ဆီကား ယာဥ်အိုယာဥ်ဟောင်းအပ်နှံပြီး EV ကားပြန်လည်တင်သွင်းသည့် လုပ်ငန်းစဉ်အပေါ် တစ်ဖက်တစ်လမ်းမှ ပါဝင်ကူညီဆောင်ရွက်သည့်အနေဖြင့် ယာဉ်အိုယာဉ်ဟောင်းပိုင်ရှင်များအတွက် ပြည်ပမှ EV ကားများတင်သွင်း...

18 September 2026 ဆက်လက်ဖတ်ရှုရန်
  • ပညာမျှဝေချင်သူများနှင့် ပညာရှာချင်သူများ၏ ဆုံစည်းရာနေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    ကျောင်း
  • စားသောက်ဆိုင်အချက်အလက်များနှင့် မြို့တွင်းအကောင်းဆုံးစျေးများကို
    ကြည့်ရှုနိုင်သည့်နေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    ဆိုင်
  • နာမည်ကြီး Tour Agency များမှ ခရီးစဉ်သစ်များနှင့် ခရီးစဉ်ပက်ကေ့ဂျ်များ၏
    နောက်ဆုံးအပ်ဒိတ်များကို ရယူနိုင်မည့်နေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    ခရီး
  • အလုပ်ရှာဖွေလိုသူများနှင့် အလုပ်ကြေညာသူများကို ချိတ်ဆက်ပေးသောနေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    JOB
  • အိမ်ခြံ‌မြေ ရောင်း၀ယ်ငှားရမ်းသူများနှင့် အခုပဲ ချိတ်ဆက်လိုက်ပါ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    အိမ်ခြံမြေ