Loading...

ဘတ်စ်ကားလာမည့် အချိန်ကို ခန့်မှန်းတွက်ချက်ထားမှုတွေ ပါလာမယ့် YBS GO ရဲ့ Update အသစ်

27 November 2026
BIB Admin

YBS GO: Explore Yangon Application ရဲ့ Community နှင့် Facebook Page မှ လာမည့် (၁) ရက်နေ့တွင် ဘတ်စ်ကားများ၏ ခန့်မှန်းထွက်ချိန်များ၊ တစီးနှင့်တစီးအကြား ပျှမ်းမျှကြာချိန်တို့အပြင် အသုံးပြုမှုအတွေ့အကြုံကို အဆင့်မြှင့်တင်ထားတဲ့ ပြောင်းလဲမှုတွေနဲ့အတူ Update အသစ်ကို ဖြန့်ချိပေးသွားမယ်လို့ ဖော်ပြထားပါတယ်။
YBS GO အနေဖြင့် ယခင် Update တွေမှာ YBS လမ်းကြောင်းများကိုသာမက မြို့ပတ်ရထားခရီးစဉ်များကိုလည်း ရှာဖွေနိုင်ပြီး မှတ်တိုင်တည်နေရာ၊ ရထားဘူတာများပါဝင်တဲ့ မြေပုံကိုလည်း အသုံးပြုနိုင်အောင် ပြုလုပ်ထားတဲအပြင် မှတ်တိုင်ကြေညာစနစ်ကဲ့သို့ စီးနင်းသူအထောက်အကူပြု လုပ်ဆောင်ချက်များကိုလည်း ထည့်သွင်းထားပါတယ်။
ယခု လာမယ့် Update အသစ်တွင်လည်း စုဆောင်းရရှိထားတဲ့ အချက်အလက်များကို အနီးစပ်ဆုံးဖြစ်အောင် ဆောင်ရွက်ထားတာဖြစ်ပြီး စေတနာ့ဝန်ထမ်းတွေရဲ့ ကောက်ယူမှုတွေသာ ဖြစ်တာကြောင့် အချက်အလက်ကွာခြားနိုင်မှုတို့ကို သတိပြုရန် လိုအပ်ကြောင်းလည်း ဆိုပါတယ်။
YBS GO: Explore Yangon Application ကို Google Play Store, APKPure, RuStore, HUAWEI App Gallery, ybsgo.com တို့မှာ ဒေါင်းလုတ်ရယူနိုင်ပြီး လက်ရှိတွင် သုံးစွဲသူ (၅) သောင်းကျော်အထိ ရှိနေတဲ့ Application လည်း ဖြစ်ပါတယ်။
Photo - YBS GO: Explore Yangon

သတင်းများ

လစဉ် ငွေကျပ် (၂၃) သိန်းကျော် ပေးသွင်းရုံနဲ့ လုပ်ငန်းသုံးအတွက် နေ့စဉ်ဝင်ငွေဖန်တီးနိုင်မယ့် MG Roewe EV Taxi
လစဉ် ငွေကျပ် (၂၃) သိန်းကျော် ပေးသွင်းရုံနဲ့ လုပ်ငန်းသုံးအတွက် နေ့စဉ်ဝင...

တစ်လဝင်ငွေ သိန်း ၃၀ မှ ၄၀ ဝန်းကျင်အထိရရှိနိုင်မယ့် ခိုင်မာတဲ့ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခုကို MG Roewe EV Taxi နဲ့ အတူ စတင်ဖို့ Ready ပဲလား ? ..... လစဉ် ငွေကျပ် (၂၃) သိန်းကျော် ပေးသွင်းရုံနဲ့ လုပ်ငန်းသုံးအတွက် နေ့စ...

27 November 2026 ဆက်လက်ဖတ်ရှုရန်
ရီးရဲလ်မက်ဒရစ် စတားတွေရဲ့ ကားဂိုဒေါင်ထဲ ရောက်ရှိလာတဲ့ BMW ရဲ့ နောက်ဆုံးပေါ် ဇိမ်ခံနှင့် လျှပ်စစ်မော်ဒယ်များ
ရီးရဲလ်မက်ဒရစ် စတားတွေရဲ့ ကားဂိုဒေါင်ထဲ ရောက်ရှိလာတဲ့ BMW ရဲ့ နောက်ဆုံ...

ရိုးရှာမပျက်ယခုနှစ်အတွက်လဲ BMW ကားတွေ ရီးရဲလ်မက်ဒရစ်အသင်းက လက်ခံရယူပြီးပါပြီ။ ရွေးချယ်ခဲ့တဲ့အမျိုးအစားတွေကတော့ BMW XM Label ( ယူရို 197,220 ) - ဒမ်ဖရီး၊ ရာအူးလ်အဆန်စီယို၊ အယ်ဗာရိုကာရယ်ရက်စ်၊ ရိုဒရီဂိုဂိုးစ်၊ ဘာနာဒိ...

27 November 2026 ဆက်လက်ဖတ်ရှုရန်
အင်ဂျင်ဝိုင်နံပါတ်တွေရဲ့ နောက်ကွယ်က အဓိပ္ပာယ်
အင်ဂျင်ဝိုင်နံပါတ်တွေရဲ့ နောက်ကွယ်က အဓိပ္ပာယ်

အင်ဂျင်ဝိုင် 5W-30၊ 5W-40၊ 10W-40၊ 15W-40၊ 20W-50 ဘာကွာခြားလဲ။ ကိုယ့်ကားအတွက် ဘယ်အမျိုးအစားကို ရွေးသင့်လဲ။ ကားပိုင်ရှင်တော်တော်များများ အင်ဂျင်ဝိုင်ဝယ်တဲ့အခါ နံပါတ်တွေကို မြင်ဖူးကြမှာပါ။ ဒါပေမဲ့ ဒီနံပါတ်တွေက ဘာကိုဆိုလို...

26 November 2026 ဆက်လက်ဖတ်ရှုရန်
BAIC ကားပိုင်ရှင်တွေကြီးအတွက် နိုဝင်ဘာလ ၂၈၊ ၂၉ နှစ်ရက်မှာ ပြုလုပ်‌ပေးမယ့် 10 Points FREE Car Check အစီအစဥ်
BAIC ကားပိုင်ရှင်တွေကြီးအတွက် နိုဝင်ဘာလ ၂၈၊ ၂၉ နှစ်ရက်မှာ ပြုလုပ်‌ပေးမ...

PPE 9 က ကျင်းပမယ့် BAIC Day Event မှာ BAIC ကားပိုင်ရှင်တွေကြီးအတွက် 10 Points FREE Car Check ဆောင်ရွက်ပေးမှာဖြစ်ပါတယ် မိတ်ဟောင်းမိတ်သစ် BAIC ကားတွေကို နိုဝင်ဘာလ ၂၈ ရက်နဲ့ ၂၉ ရက် (၂) ရက်မှာ PPE9 YGN Showroom မှာ ၁၀ ချက်တ...

25 November 2026 ဆက်လက်ဖတ်ရှုရန်
ထိုင်းက စတင်ပြီး ဂျပန်အထိ ပြန်တင်ပို့ရတဲ့ "Cyber Sumo" ဒီဇိုင်းအပြောင်းအလဲ
ထိုင်းက စတင်ပြီး ဂျပန်အထိ ပြန်တင်ပို့ရတဲ့ "Cyber Sumo" ဒီဇိုင်းအပြောင်...

​ဒီတစ်ခေါက် Hilux Travo ရဲ့ ဒီဇိုင်းပြောင်းလဲမှုနဲ့ တီထွင်ဖန်တီးမှုဟာ Toyota ရဲ့ မိခင်နိုင်ငံဖြစ်တဲ့ ဂျပန်ကနေ စတင်ခဲ့တာ မဟုတ်ပါဘူး။ ပစ်ကပ်ကားတွေရဲ့ ကမ္ဘာ့ဗဟိုချက်ဖြစ်တဲ့ ထိုင်းနိုင်ငံ (Toyota Motor Thailand / TDEM) ရဲ့ R...

25 November 2026 ဆက်လက်ဖတ်ရှုရန်
  • ပညာမျှဝေချင်သူများနှင့် ပညာရှာချင်သူများ၏ ဆုံစည်းရာနေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    ကျောင်း
  • စားသောက်ဆိုင်အချက်အလက်များနှင့် မြို့တွင်းအကောင်းဆုံးစျေးများကို
    ကြည့်ရှုနိုင်သည့်နေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    ဆိုင်
  • နာမည်ကြီး Tour Agency များမှ ခရီးစဉ်သစ်များနှင့် ခရီးစဉ်ပက်ကေ့ဂျ်များ၏
    နောက်ဆုံးအပ်ဒိတ်များကို ရယူနိုင်မည့်နေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    ခရီး
  • အလုပ်ရှာဖွေလိုသူများနှင့် အလုပ်ကြေညာသူများကို ချိတ်ဆက်ပေးသောနေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    JOB
  • အိမ်ခြံ‌မြေ ရောင်း၀ယ်ငှားရမ်းသူများနှင့် အခုပဲ ချိတ်ဆက်လိုက်ပါ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    အိမ်ခြံမြေ