ရန်ကုန်မှာ အဝေးပြေးကားဝင်းအသစ် ထပ်ဖွင့်မယ်
ရန်ကုန်မြို့မှာ အဝေးပြေးကားဝင်းတခု ထပ်ဖွင့်ဖို့အတွက် စည်ပင်သာယာရေးကော်မတီ (YCDC)က ပြင်ဆင်နေတယ် သတင်းထွက်ပေါ်နေပါတယ်။
လက်ရှိ အောင်မင်္ဂလာ ကားဝင်းထဲက မွန်၊ကရင်နဲ့ တနင်္သာရီဖက် ပြေးဆွဲတဲ့ ယာဥ်လိုင်းတွေကို သီးခြားခွဲ ထုတ်ပြီး အဝေးပြေးကားဝင်းအသစ် ဖော်ဆောင်ဖို့ ရှိနေတာလို့ ဆိုပါတယ်။
“လျာထားတာတော့ ကြာပြီ၊ အခု စအကောင်အထည်ဖော်မယ်လို့ သိရတယ်။ အဓိက ယာဥ်ကြောပိတ်တာ လျှော့ဖို့လို့တော့ သိရတယ် "လို့ မြဝတီကိုပြေးဆွဲနေတဲ့ ယာဥ်လိုင်းတာဝန်ခံ တဦးက ပြောပါတယ်။
အဝေးပြေး ကားဝင်းအသစ်ကို အမှတ် ၃ လမ်းမဘေး မြို့အပြင်မှာ ဖွင့်ဖို့ လျာထားတာဖြစ်ပြီး မြေရှင်းလင်းတာတွေ စလုပ်နေတယ်လို့ ယာဥ်လိုင်းတွေဆီက သိရပါတယ်။
"စည်ပင်ရဲ့ အစီအစဥ်နဲ့ လုပ်တာ။ ဘယ်တော့ ပြောင်းရမလဲ မပြောတတ်သေးဘူး ။ အခန်းအစားထိုး ပေးမယ်ထင်တယ် " လို့ လက်ရှိ အောင်မင်္ဂလာ အဝေးပြေးကားဝန်း သာယာအုပ်ချုပ်ရေး အဖွဲ့မှာ ပါဝင်သူ တဦးက ပြောပါတယ်။
ရန်ကုန်မြို့မှာ အရင်က ဆင်မလိုက်နဲ့ စော်ဘွားကြီးကုန်း အဝေးပြေးကားဝင်းတွေ ဖွင့်ခဲ့ပြီး ယာဥ်ကြော ပိတ်ဆို့မူတွေကြောင့် လှိုင်သာယာနဲ့ မင်္ဂလာဒုံမြို့နယ်တွေမှာ ပြောင်းရွှေ့ ဖွင့်လှစ်ခဲ့ပါတယ်။
လက်ရှိမှာ လှိုင်သာယာကနေ ဧရာဝတီတိုင်းဖက် ပြေးဆွဲတဲ့ ဒဂုံဧရာ အဝေးပြေးကားဝန်းနဲ့ တခြားတိုင်း၊ပြည်နယ်တွေကို ပြေးဆွဲတဲ့ အောင်မင်္ဂလာ အဝေးပြေးကားဝင်းတို့ ဖွင့်လှစ်ထားပြီး နောက်ထပ်အဝေး ဝန်းအသစ် ဖွင့်ဖို့ရှိနေတာ ဖြစ်ပါတယ်။
Credit to Delta News Agency



