Loading...

ရာသီဥတုပူပြင်းချိန် ကားဘီးမပေါက်ရအောင် မဖြစ်မနေ လိုက်နာရမည့် ဆောင်ရန်/ရှောင်ရန်များ

16 October 2026
BIB Admin

ရာသီဥတု ပူပြင်းလာတာနဲ့အမျှ လမ်းပေါ်မှာ ကားဘီးပေါက်တာ၊ ဘီးပေါက်ပြီး မတော်တဆဖြစ်တာတွေကို ပိုမိုတွေ့မြင်ရလေ့ရှိပါတယ်။
အပူချိန် မြင့်မားချိန်မှာ ကားဘီးတွေ ဘာကြောင့် ပေါက်တတ်သလဲ? ဒီအန္တရာယ်ကနေ ကင်းဝေးအောင် ဘယ်လို ကြိုတင်ကာကွယ်မလဲ?
⚠️ ဘာကြောင့် အပူချိန်မြင့်ချိန်မှာ ကားဘီးပေါက်လွယ်တာလဲ?
လေဖိအား မြင့်တက်ပြီး လမ်းမအပူချိန်နှင့် ပွတ်တိုက်မှု များတာကြောင့် ကားဘီးပွင့်ထွက်ပြီး ပေါက်လွယ်တာဖြစ်ပါတယ်။
🛡️ ကားဘီးမပေါက်အောင် ဘယ်လို ကြိုတင်ကာကွယ်မလဲ?
🔹 လေဖိအား မှန်မှန်စစ်ပါ
ကားမမောင်းမီ (တာယာ အေးနေချိန်) တွင် ကားထုတ်လုပ်သူ သတ်မှတ်ထားသော တာယာလေဖိအား (PSI) အတိုင်း ရှိမရှိ စစ်ဆေးပါ။
🔹 တာယာ၏ အခြေအနေကို ပုံမှန်ကြည့်ပါတာယာ ပတ်ကြားအက်နေခြင်း၊ ပုစွန်ဆီဖု ထွက်နေခြင်း သို့မဟုတ် ပန်းပွင့် ပါးနေခြင်းများ ရှိ/မရှိ စစ်ဆေးပြီး လိုအပ်ပါက အသစ်လဲလှယ်ပါ။
🔹 ခရီးဝေးမောင်းလျှင် ခေတ္တနားပေးပါ
အပူချိန်မြင့်ချိန်တွင် ခရီးဝေးမောင်းပါက အနည်းဆုံး ၂ နာရီ သို့မဟုတ် ၃ နာရီတစ်ကြိမ် အရိပ်ရသောနေရာတွင် ကားကို ခေတ္တရပ်နားပြီး တာယာကို အပူလျှော့ပေးပါ။ (မှတ်ချက်- ပူနေသော တာယာကို ရေအေးလောင်းခြင်း မပြုလုပ်ရပါ)
🔹 ဝန်ပိုမတင်ပါနှင့်
ကားပေါ်တွင် သတ်မှတ်ထားသည်ထက် ဝန်ပိုတင်ခြင်းက တာယာပေါ် ဖိအားပိုမိုကျရောက်စေပြီး ဘီးပေါက်နိုင်ခြေကို မြင့်တက်စေပါတယ်။
credit to PPE 9 Auto Mobile

သတင်းများ

ကား Aircon မပျက်စီးခင် ကြိုတင်သိနိုင်မယ့် အချက်ပေးလက္ခဏာများနှင့် ထိန်းသိမ်းနည်းများ
ကား Aircon မပျက်စီးခင် ကြိုတင်သိနိုင်မယ့် အချက်ပေးလက္ခဏာများနှင့် ထိန်...

ကားမောင်းရင်း လေအေးပေးစနစ် (Aircon) က သင့်ကို အချက်ပေးနေတဲ့ သတိပေးလက္ခဏာ (၅) ချက်ကို သိထားပြီးပြီလား? နွေရာသီတင်မကဘူး ရာသီမရွေး မောင်းနှင်ရတာ စိတ်ချမ်းသာဖို့ ကား Aircon ကောင်းမွန်နေဖို့ လိုအပ်ပါတယ်။ သင့်ကား Aircon မှာ အ...

16 October 2026 ဆက်လက်ဖတ်ရှုရန်
ကားအရစ်ကျ ဝယ်ယူချင်သူများအတွက် သတင်းကောင်း
ကားအရစ်ကျ ဝယ်ယူချင်သူများအတွက် သတင်းကောင်း

ကားအရစ်ကျဝယ်ယူချင်သူများအတွက်သတင်းကောင်းလေးပါရှင့် 📣 𝐊𝐍 𝐀𝐔𝐓𝐎 မှာ ကားအရစ်ကျဝယ်ယူဖို့ဆိုရင်… - ဘယ်သူတွေ ဝယ်ယူလို့ရလဲ? - ဘယ်လိုစာရွက်စာတမ်းတွေ လိုအပ်လဲ? - ဘယ်ဘဏ်တွေနဲ့ ချိတ်ဆက်ဝယ်ယူလို့ရလဲ? 𝐊𝐍 𝐀𝐔𝐓𝐎 မှာဆိုရင် - 𝐀𝐘𝐀 𝐁𝐚...

16 October 2026 ဆက်လက်ဖတ်ရှုရန်
အွန်လိုင်းက ကားအရောင်းပိတ်ပင်မှုနဲ့ ဝယ်ရောင်းကိစ္စတွေမှာ အခွန်စိစစ်မယ့်ဂယက်‌တွေကြောင့် ကားဈေးအနည်းငယ်ကျလာ
အွန်လိုင်းက ကားအရောင်းပိတ်ပင်မှုနဲ့ ဝယ်ရောင်းကိစ္စတွေမှာ အခွန်စိစစ်မယ့...

‎ရန်ကုန်၊ အောက်တိုဘာ ၁၂၊ ၂၀၂၆။ အွန်လိုင်းကနေ ကားအရောင်းအဝယ်လုပ်ခွင့် ပိတ်ပင်လိုက်တာနဲ့ ကားဝယ်ရောင်း ပွဲစားတွေအပေါ် ဝယ်ရောင်းကိစ္စတွေမှာ အခွန်စိစစ်မယ့် သတင်းတွေကြောင့် ကားဈေး အနည်းငယ်ကျဆင်းနေတယ်လို့ ကားပွဲစားအသိုင်းအဝို...

12 October 2026 ဆက်လက်ဖတ်ရှုရန်
ကားတစ်စီးလုံးရဲ့ Sensors (၁၂) မျိုးအကြောင်း
ကားတစ်စီးလုံးရဲ့ Sensors (၁၂) မျိုးအကြောင်း

​1. Crankshaft Position Sensor (CKP) 🔄 ​အလုပ်လုပ်ပုံ: အင်ဂျင်ရဲ့ အဓိကဝင်ရိုး (Crankshaft) လည်ပတ်နှုန်းနဲ့ တည်နေရာကို တိုင်းတာပေးပါတယ်။ ​အင်ဂျင် မီးပေးချိန် (Ignition) နဲ့ ဆီဖြန်းချိန် (Fuel Injection) ကို အတိအကျသိဖို့...

12 October 2026 ဆက်လက်ဖတ်ရှုရန်
ယာဥ်မောင်းလိုင်စင်သက်တမ်းတိုး အပြောင်းအလဲတချို့
ယာဥ်မောင်းလိုင်စင်သက်တမ်းတိုး အပြောင်းအလဲတချို့

အပြောင်းအလဲတချို့… 📌 ယာဉ်မောင်းလိုင်စင်သက်တမ်းတိုးတွေက ဓာတ်ပုံ၃ပုံလိုလာပါပြီ၊ နောက်ခံအပြာဖြစ်ရမယ်၊ ယောက်ျားလေးဆိုရင် အင်္ကျီ​မှာကော်လံပါရပါမယ်… 📌 ကားအမည်ပြောင်းသက်တမ်းတိုးတွေ ရပ်ကွက်မှာ နေထိုင်ကြောင်းထောက်ခံစာပါယူခဲ့...

12 October 2026 ဆက်လက်ဖတ်ရှုရန်
  • ပညာမျှဝေချင်သူများနှင့် ပညာရှာချင်သူများ၏ ဆုံစည်းရာနေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    ကျောင်း
  • စားသောက်ဆိုင်အချက်အလက်များနှင့် မြို့တွင်းအကောင်းဆုံးစျေးများကို
    ကြည့်ရှုနိုင်သည့်နေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    ဆိုင်
  • နာမည်ကြီး Tour Agency များမှ ခရီးစဉ်သစ်များနှင့် ခရီးစဉ်ပက်ကေ့ဂျ်များ၏
    နောက်ဆုံးအပ်ဒိတ်များကို ရယူနိုင်မည့်နေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    ခရီး
  • အလုပ်ရှာဖွေလိုသူများနှင့် အလုပ်ကြေညာသူများကို ချိတ်ဆက်ပေးသောနေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    JOB
  • အိမ်ခြံ‌မြေ ရောင်း၀ယ်ငှားရမ်းသူများနှင့် အခုပဲ ချိတ်ဆက်လိုက်ပါ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    အိမ်ခြံမြေ