Loading...

အွန်လိုင်းက ကားအရောင်းပိတ်ပင်မှုနဲ့ ဝယ်ရောင်းကိစ္စတွေမှာ အခွန်စိစစ်မယ့်ဂယက်‌တွေကြောင့် ကားဈေးအနည်းငယ်ကျလာ

12 October 2026
BIB Admin

‎ရန်ကုန်၊ အောက်တိုဘာ ၁၂၊ ၂၀၂၆။
အွန်လိုင်းကနေ ကားအရောင်းအဝယ်လုပ်ခွင့် ပိတ်ပင်လိုက်တာနဲ့ ကားဝယ်ရောင်း ပွဲစားတွေအပေါ် ဝယ်ရောင်းကိစ္စတွေမှာ အခွန်စိစစ်မယ့် သတင်းတွေကြောင့် ကားဈေး အနည်းငယ်ကျဆင်းနေတယ်လို့ ကားပွဲစားအသိုင်းအဝိုင်းကနေ သိရပါတယ်။
ပြည်တွင်း မော်တော်ယာဉ် ဈေးကွက်အတွင်း အရောင်းအဝယ်တွေ အေးစက်ပြီး မော်ဒယ်မြင့် SUV များ၊ ကားအသစ်များနဲ့ SKD/CKD ကားများမှာ ကျပ်သိန်း ၁၀၀ ကနေ ၅၀၀ အထိ ဈေး ပြန်လည် ကျဆင်းလာပါတယ်။
" အွန်လိုင်းကနေ ကားမရောင်းဖို့ ပိတ်ပင်တာနဲ့ ဝယ်ရောင်း ပွဲစားအကျိုးဆောင်‌ဆောင်ကို ငွေကြေးစီးဆင်းမှု စိစစ်ပြီးအကောက်အခွန် စည်းကြပ်တော့မယ်လို့သတင်းတွေ ထွက်ပေါ်နေတော့ လက်ရှိ ဘာတွေဆက်ဖြစ်လာမလဲဆိုပြီး စောင့်ကြည့်နေကြတဲ့သဘောပေါ့။ ဝယ်ရောင်းဖြစ်နေတဲ့ကားတွေလည်း အခုဈေးကျနေတယ် " လို့ ရန်ကုန်က ကားဝယ်ရောင်းအကျိုးဆောင် ကိုကျော်ဇင်ကပြောပါတယ်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက‌နေ လာမယ့် အောက်တိုဘာလ ၂၆ ရက်နေ့က
စပြီး ရွှေ၊ မော်တော်ကားနဲ့ မော်တော်ဆိုင်ကယ်တွေကို အွန်လိုင်းကတစ်ဆင့် ရောင်းချတာ‌တွေကို ပိတ်ပင်လိုက်ကြောင်း ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
ကားရောင်းချမှု ပိတ်ပင်တဲ့ အမိန့် မထုတ်ပြန်ခင်
ပြီးခဲ့တဲ့ လတွေက ကားဈေးနှုန်းတွေ အဆမတန် မြင့်တက်ခဲ့ပါတယ်။ အမှန်တကယ် ဝယ်ယူသူတွေထက် ဈေးကွက်အတွင်း ပွဲစားတွေနဲ့ ဈေးကစားသူတွေက ဈေးနှုန်း အပြိုင်အဆိုင် ဆွဲတင်ခဲ့တာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။
" ပြီးခဲ့တဲ့လက ကားလဲစီးဖို့ အရောင်းအဝယ်အတွက် စုံစမ်းတာ ကားဈေးမြင့်နေတာ အခု ဈေးပြန်ကျတဲ့အချိန်ကျတော့လည်း အခွန်ကောက်မယ်ဆိုတဲ့ကိစ္စက စိစစ်တာတွေကို စိုးရိမ်ရလို့ ဈေးကွက်က ငြိမ်နေတယ်။ ဝယ်မယ့်သူတွေလည်း ဘာဖြစ်လာမလဲ အခြေအနေ စောင့်ကြည့်နေရတယ် " လို့ Toyota Probox ကားပိုင်ရှင် ကိုထိုက်က ရွှေတြိဂံ‌ ဒေသ သတင်းဌာနကို ပြောပါတယ်။
လက်ရှိအ‌ခြေအနေအရ စိစစ်မှုတွေ ပြုလုပ်လာမှာကို စိုးရိမ်တဲ့အတွက် ဝယ်ယူသူတွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေအားလုံး အဝယ်ရပ်တန့်ကာ အခြေအနေ စောင့်ကြည့်နေကြတယ်လို့ ဆိုပါတယ်။
ပြည်တွင်း ကားဈေးကွက်မှာ SKD/CKD ကား အနည်းငယ်လောက်က‌တော့ ဈေးအပြောင်းအလဲသိပ်မရှိသလို၊ အိမ်စီးကားနဲ့ ဇိမ်ခံကား ဈေးနှုန်းတွေကတော့ ကျပ်သိန်း ၉၀၀ လောက်က‌နေ သိန်း‌ထောင်ကျော်အထိ ဈေးကွက်ရှိနေကြောင်း သိရပါတယ်။
သတင်း_ Su Hlaing
Photo_လူမှုကွန်ရက်

သတင်းများ

ကားတစ်စီးလုံးရဲ့ Sensors (၁၂) မျိုးအကြောင်း
ကားတစ်စီးလုံးရဲ့ Sensors (၁၂) မျိုးအကြောင်း

​1. Crankshaft Position Sensor (CKP) 🔄 ​အလုပ်လုပ်ပုံ: အင်ဂျင်ရဲ့ အဓိကဝင်ရိုး (Crankshaft) လည်ပတ်နှုန်းနဲ့ တည်နေရာကို တိုင်းတာပေးပါတယ်။ ​အင်ဂျင် မီးပေးချိန် (Ignition) နဲ့ ဆီဖြန်းချိန် (Fuel Injection) ကို အတိအကျသိဖို့...

12 October 2026 ဆက်လက်ဖတ်ရှုရန်
ယာဥ်မောင်းလိုင်စင်သက်တမ်းတိုး အပြောင်းအလဲတချို့
ယာဥ်မောင်းလိုင်စင်သက်တမ်းတိုး အပြောင်းအလဲတချို့

အပြောင်းအလဲတချို့… 📌 ယာဉ်မောင်းလိုင်စင်သက်တမ်းတိုးတွေက ဓာတ်ပုံ၃ပုံလိုလာပါပြီ၊ နောက်ခံအပြာဖြစ်ရမယ်၊ ယောက်ျားလေးဆိုရင် အင်္ကျီ​မှာကော်လံပါရပါမယ်… 📌 ကားအမည်ပြောင်းသက်တမ်းတိုးတွေ ရပ်ကွက်မှာ နေထိုင်ကြောင်းထောက်ခံစာပါယူခဲ့...

12 October 2026 ဆက်လက်ဖတ်ရှုရန်
Mingalarpar EV Charging Station
Mingalarpar EV Charging Station

မင်္ဂလာပါ Mingalarpar EV Charging Station က ကြိုဆိုပါတယ်။ ပြင်ဦးလွင် ပဒေသာကားကြီးကွင်းထောင့်မှာရှိပါတယ်။ CCS2 လဲရပါတယ်။ မနက် ၆နာရီခွဲမှ ည၈နာရီအထိရပါတယ်၊ ည၈နာရီ ရောက်ရင် ပြီးတဲ့အထိသွင်းပေးပါတယ်။ ၈နာရီကျော်မှရောက...

12 October 2026 ဆက်လက်ဖတ်ရှုရန်
CMHL နှစ် ၃၀ ပြည့်အထိမ်းအမှတ်အနေနဲ့ စျေးဝယ်ရင်း EV ကားသစ်ကြီး ပိုင်ဆိုင်ခွင့်ရရှိနိုင်မဲ့ အခွင့်အရေးကြီး
CMHL နှစ် ၃၀ ပြည့်အထိမ်းအမှတ်အနေနဲ့ စျေးဝယ်ရင်း EV ကားသစ်ကြီး ပိုင်ဆို...

CMHL နှစ် ၃၀ ပြည့်အထိမ်းအမှတ်အနေနဲ့ စျေးဝယ်ရင်း EV ကားသစ်ကြီး ပိုင်ဆိုင်ခွင့်ရရှိနိုင်မဲ့ အခွင့်အရေးကြီး လာပါပြီ….🚘 Lucky Draw အစီအစဥ်လေးကတော့ ဆိုင်ခွဲတိုင်းမှာ ကျပ် ၁၅,၀၀၀ ဖိုးဝယ်ယူတာနဲ့ ကံစမ်းခွင့် ၁ ကြိမ်၊ ကျပ် ၃၀,၀...

11 October 2026 ဆက်လက်ဖတ်ရှုရန်
10-Point FREE Seasonal Car Check Campaign
10-Point FREE Seasonal Car Check Campaign

ပွင့်လင်းရာသီ ခရီးစဉ်များအတွက် 10-Point FREE Seasonal Car Check Campaign မှာ ဘယ် Brand တွေပါဝင်ခွင့်ရမှာလဲ? စိတ်ကြိုက် ခရီးသွားတော့မယ့် ပွင့်လင်းရာသီမှာ သင့်ကား အဆင်သင့်ဖြစ်မဖြစ် PPE9 YGN Showroom မှာ ၁၀ ချက်တိတိ အခမဲ့...

11 October 2026 ဆက်လက်ဖတ်ရှုရန်
  • ပညာမျှဝေချင်သူများနှင့် ပညာရှာချင်သူများ၏ ဆုံစည်းရာနေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    ကျောင်း
  • စားသောက်ဆိုင်အချက်အလက်များနှင့် မြို့တွင်းအကောင်းဆုံးစျေးများကို
    ကြည့်ရှုနိုင်သည့်နေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    ဆိုင်
  • နာမည်ကြီး Tour Agency များမှ ခရီးစဉ်သစ်များနှင့် ခရီးစဉ်ပက်ကေ့ဂျ်များ၏
    နောက်ဆုံးအပ်ဒိတ်များကို ရယူနိုင်မည့်နေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    ခရီး
  • အလုပ်ရှာဖွေလိုသူများနှင့် အလုပ်ကြေညာသူများကို ချိတ်ဆက်ပေးသောနေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    JOB
  • အိမ်ခြံ‌မြေ ရောင်း၀ယ်ငှားရမ်းသူများနှင့် အခုပဲ ချိတ်ဆက်လိုက်ပါ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    အိမ်ခြံမြေ