Loading...

ကား Aircon မပျက်စီးခင် ကြိုတင်သိနိုင်မယ့် အချက်ပေးလက္ခဏာများနှင့် ထိန်းသိမ်းနည်းများ

16 October 2026
BIB Admin

ကားမောင်းရင်း လေအေးပေးစနစ် (Aircon) က သင့်ကို အချက်ပေးနေတဲ့ သတိပေးလက္ခဏာ (၅) ချက်ကို သိထားပြီးပြီလား?
နွေရာသီတင်မကဘူး ရာသီမရွေး မောင်းနှင်ရတာ စိတ်ချမ်းသာဖို့ ကား Aircon ကောင်းမွန်နေဖို့ လိုအပ်ပါတယ်။ သင့်ကား Aircon မှာ အောက်ပါအချက်တွေ ကြုံနေရပြီဆိုရင်တော့ စစ်ဆေးဖို့အချိန် ရောက်ပါပြီ။
1️⃣ Aircon ဖွင့်ထားပေမဲ့ လေမအေးဘဲ လေပူပဲ ထွက်နေခြင်း
Aircon ခလုတ်ကို ဘယ်လောက်ပဲ အအေးဆုံးထိ မြှင့်ထားပါစေ၊ မအေးဘဲ သာမန်လေပူပဲ ထွက်နေတယ်ဆိုရင် Aircon ဂက်စ် (Refrigerant) နည်းနေတာ ဒါမှမဟုတ် Compressor မလုပ်လုပ်တော့တာ ဖြစ်နိုင်ပါတယ်။
2️⃣ ခါတိုင်းထက် လေထွက်အား နည်းသွားခြင်း
အအေးဓာတ်ရှိပေမဲ့ ခါတိုင်းလို လေအားမပြင်းတော့ဘူးဆိုရင် အဲကွန်းစစ်ဇကာ (Cabin Air Filter) မှာ ဖုန်တွေ၊ အညစ်အကြေးတွေ ပိတ်ဆို့နေလို့ ဖြစ်တတ်ပါတယ်။
3️⃣ ကားထဲမှာ အနံ့အသက် မကောင်းခြင်း
Aircon စဖွင့်လိုက်တာနဲ့ မှိုနံ့၊ အစိုဓာတ်နံ့ သို့မဟုတ် မကောင်းတဲ့ အနံ့ဆိုးတွေ ရနေရင် Evaporator Coil မှာ မှိုနဲ့ ဗက်တီးရီးယားတွေ စုပုံနေတာကြောင့် ဖြစ်တာမို့ ချက်ချင်း သန့်ရှင်းရေးလုပ်ပေးဖို့ လိုပါတယ်။
4️⃣ Aircon ဖွင့်လိုက်ရင် ထူးဆန်းတဲ့ အသံတွေ ကြားရခြင်း
ခါတိုင်းနဲ့မတူဘဲ ဂျိန်းဂျိန်း၊ ဂျီဂျီ စတဲ့ မြည်သံ သို့မဟုတ် ပွတ်တိုက်သံတွေ ကြားရရင်တော့ Compressor သို့မဟုတ် Blower Fan ရဲ့ အစိတ်အပိုင်းတွေ ပျက်စီးနေတာ ဖြစ်နိုင်ပါတယ်။
5️⃣ ကားကြမ်းပြင်ပေါ် ရေယိုစိမ့်ခြင်း သို့မဟုတ် ပုံမှန်မဟုတ်တဲ့ ရေယိုခြင်း
ကားအောက်ပိုင်းမှာ ရေယိုတာ ထုံးစံဆိုပေမဲ့ ကားထဲက ခြေနင်းခုံ ကြမ်းပြင်ပေါ် ရေတွေ စိမ့်ထွက်နေရင်တော့ Aircon Drainage Tube (ရေဆင်းပိုက်) ပိတ်နေတာ ဖြစ်နိုင်ပါတယ်ခင်ဗျာ။
ဒီအချက်တွေသင့်ကားမှာဖြစ်ပေါ်နေပြီဆိုရင်တော့ အမြန်ဆုံး Car Aircon Servicing ပြုလုပ်သင့်ပြီဖြစ်ပါတယ်။
credit to PPE 9 Auto Mobile

သတင်းများ

ရာသီဥတုပူပြင်းချိန် ကားဘီးမပေါက်ရအောင် မဖြစ်မနေ လိုက်နာရမည့် ဆောင်ရန်/ရှောင်ရန်များ
ရာသီဥတုပူပြင်းချိန် ကားဘီးမပေါက်ရအောင် မဖြစ်မနေ လိုက်နာရမည့် ဆောင်ရန်/...

ရာသီဥတု ပူပြင်းလာတာနဲ့အမျှ လမ်းပေါ်မှာ ကားဘီးပေါက်တာ၊ ဘီးပေါက်ပြီး မတော်တဆဖြစ်တာတွေကို ပိုမိုတွေ့မြင်ရလေ့ရှိပါတယ်။ အပူချိန် မြင့်မားချိန်မှာ ကားဘီးတွေ ဘာကြောင့် ပေါက်တတ်သလဲ? ဒီအန္တရာယ်ကနေ ကင်းဝေးအောင် ဘယ်လို ကြိုတင်ကာကွ...

16 October 2026 ဆက်လက်ဖတ်ရှုရန်
ကားအရစ်ကျ ဝယ်ယူချင်သူများအတွက် သတင်းကောင်း
ကားအရစ်ကျ ဝယ်ယူချင်သူများအတွက် သတင်းကောင်း

ကားအရစ်ကျဝယ်ယူချင်သူများအတွက်သတင်းကောင်းလေးပါရှင့် 📣 𝐊𝐍 𝐀𝐔𝐓𝐎 မှာ ကားအရစ်ကျဝယ်ယူဖို့ဆိုရင်… - ဘယ်သူတွေ ဝယ်ယူလို့ရလဲ? - ဘယ်လိုစာရွက်စာတမ်းတွေ လိုအပ်လဲ? - ဘယ်ဘဏ်တွေနဲ့ ချိတ်ဆက်ဝယ်ယူလို့ရလဲ? 𝐊𝐍 𝐀𝐔𝐓𝐎 မှာဆိုရင် - 𝐀𝐘𝐀 𝐁𝐚...

16 October 2026 ဆက်လက်ဖတ်ရှုရန်
အွန်လိုင်းက ကားအရောင်းပိတ်ပင်မှုနဲ့ ဝယ်ရောင်းကိစ္စတွေမှာ အခွန်စိစစ်မယ့်ဂယက်‌တွေကြောင့် ကားဈေးအနည်းငယ်ကျလာ
အွန်လိုင်းက ကားအရောင်းပိတ်ပင်မှုနဲ့ ဝယ်ရောင်းကိစ္စတွေမှာ အခွန်စိစစ်မယ့...

‎ရန်ကုန်၊ အောက်တိုဘာ ၁၂၊ ၂၀၂၆။ အွန်လိုင်းကနေ ကားအရောင်းအဝယ်လုပ်ခွင့် ပိတ်ပင်လိုက်တာနဲ့ ကားဝယ်ရောင်း ပွဲစားတွေအပေါ် ဝယ်ရောင်းကိစ္စတွေမှာ အခွန်စိစစ်မယ့် သတင်းတွေကြောင့် ကားဈေး အနည်းငယ်ကျဆင်းနေတယ်လို့ ကားပွဲစားအသိုင်းအဝို...

12 October 2026 ဆက်လက်ဖတ်ရှုရန်
ကားတစ်စီးလုံးရဲ့ Sensors (၁၂) မျိုးအကြောင်း
ကားတစ်စီးလုံးရဲ့ Sensors (၁၂) မျိုးအကြောင်း

​1. Crankshaft Position Sensor (CKP) 🔄 ​အလုပ်လုပ်ပုံ: အင်ဂျင်ရဲ့ အဓိကဝင်ရိုး (Crankshaft) လည်ပတ်နှုန်းနဲ့ တည်နေရာကို တိုင်းတာပေးပါတယ်။ ​အင်ဂျင် မီးပေးချိန် (Ignition) နဲ့ ဆီဖြန်းချိန် (Fuel Injection) ကို အတိအကျသိဖို့...

12 October 2026 ဆက်လက်ဖတ်ရှုရန်
ယာဥ်မောင်းလိုင်စင်သက်တမ်းတိုး အပြောင်းအလဲတချို့
ယာဥ်မောင်းလိုင်စင်သက်တမ်းတိုး အပြောင်းအလဲတချို့

အပြောင်းအလဲတချို့… 📌 ယာဉ်မောင်းလိုင်စင်သက်တမ်းတိုးတွေက ဓာတ်ပုံ၃ပုံလိုလာပါပြီ၊ နောက်ခံအပြာဖြစ်ရမယ်၊ ယောက်ျားလေးဆိုရင် အင်္ကျီ​မှာကော်လံပါရပါမယ်… 📌 ကားအမည်ပြောင်းသက်တမ်းတိုးတွေ ရပ်ကွက်မှာ နေထိုင်ကြောင်းထောက်ခံစာပါယူခဲ့...

12 October 2026 ဆက်လက်ဖတ်ရှုရန်
  • ပညာမျှဝေချင်သူများနှင့် ပညာရှာချင်သူများ၏ ဆုံစည်းရာနေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    ကျောင်း
  • စားသောက်ဆိုင်အချက်အလက်များနှင့် မြို့တွင်းအကောင်းဆုံးစျေးများကို
    ကြည့်ရှုနိုင်သည့်နေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    ဆိုင်
  • နာမည်ကြီး Tour Agency များမှ ခရီးစဉ်သစ်များနှင့် ခရီးစဉ်ပက်ကေ့ဂျ်များ၏
    နောက်ဆုံးအပ်ဒိတ်များကို ရယူနိုင်မည့်နေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    ခရီး
  • အလုပ်ရှာဖွေလိုသူများနှင့် အလုပ်ကြေညာသူများကို ချိတ်ဆက်ပေးသောနေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    JOB
  • အိမ်ခြံ‌မြေ ရောင်း၀ယ်ငှားရမ်းသူများနှင့် အခုပဲ ချိတ်ဆက်လိုက်ပါ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    အိမ်ခြံမြေ