Loading...

ကားအဟောင်းဝယ်ရင် အောက်ပိုင်း စစ်ဆေးနည်း ၇ ချက်

25 October 2026
BIB Admin

ကားအဟောင်းဝယ်မယ်ဆို အပေါ်ကအလှကိုပဲကြည့်ပြီး မဝယ်ပါနဲ့
ပိုက်ဆံအကုန်အကျများဆုံး၊ ပြင်ရအခက်ဆုံးက အောက်ပိုင်းပါ
ကားအဟောင်းဝယ်ရင် အောက်ပိုင်း စစ်ဆေးနည်း ၇ ချက်
၁။ Chassis / ဘောင်စစ်ပါ (အရေးအကြီးဆုံး)
ပုံထဲမှာ အပေါက်တွေပါတဲ့ သံဘောင်ကြီးက Chassis ပါ။
သံချေးအရမ်းစားနေလား? (ပင်လယ်နားကလာတဲ့ကားတွေဆို ဂရုစိုက်ပါ)
ဟောင်းနွမ်းပြီး ဂဟေဆော်ထားတာတွေရှိလား?
ပုံထဲကလို Bolt တွေအသစ်လဲထားလား? - Accident ဖြစ်ပြီး ဖြုတ်တပ်လုပ်ထားတာဖြစ်နိုင်တယ်။
၂။ အိတ်ဇော (Exhaust) စစ်ပါ
ပုံထဲမှာ သံချေးတက်နေတဲ့ အညိုရောင်ပိုက်ကြီးကိုကြည့်ပါ။
သံချေးတက်ပြီး ပေါက်နေရင် အသံအရမ်းကျယ်မယ်၊ တစ်စီးလုံးမလဲရင် သိန်းချီတယ်
စတင်နှိုးပြီး အိတ်ဇောကနေ ရေငွေ့မဟုတ်ပဲ အဖြူမီးခိုးအူတာ၊ အနက်မီးခိုးအူတာဆို အင်ဂျင်မကောင်းဘူး
၃။ ဆီယိုစိမ့်မှု စစ်ပါ
ပုံထဲမှာ ဂီယာဘောက်စ်နဲ့ အင်ဂျင်ကြားမှာ ဆီစိုနေလား ကြည့်ရမယ်။
ဂီယာဘောက်စ်အောက်မှာ ဆီစက်ကျနေလား?
ဒီဖရန်ရှယ်အောက်မှာ ဆီစိုနေလား?
ဆီယိုတာ ပြင်ရင် သိန်းဂဏန်းကုန်တတ်တယ်
၄။ ဘက်ထရီအိုးထားတဲ့နေရာ စစ်ပါ
ပုံထဲက YUASA ဘက်ထရီက ကားရဲ့ဘေးဘောင်မှာ ထားတာပါ (Truck/Canter ကားတွေမှာ)
ဘက်ထရီခုံမှာ သံချေးတက်နေလား?
ဘက်ထရီအိုး ဟောင်းနေလား? အသစ်လဲရင် ၂-၃ သိန်းကုန်မယ်
၅။ ရော်ဘာဘွတ်နဲ့ ရှော့ဘားစစ်ပါ
ပုံထဲမှာ အင်ဂျင်ကိုကိုင်ထားတဲ့ Engine Mounting ရော်ဘာတုံးလေးကိုကြည့်ပါ။
ရော်ဘာတွေ ကွဲပြဲနေလား?
ကားမောင်းရင်း ဒုန်းဒုန်းနဲ့ အသံမြည်နေရင် အောက်ပိုင်းအကုန်လဲရမယ်
၆။ ဖရိန်အက်ကြောင်း စစ်ပါ
Truck / Canter, Hilux, Light Truck ဝယ်ရင် ဖရိန်အပေါက်တွေနားမှာ အက်နေလား သေချာကြည့်ပါ။ ဝိတ်တင်ထားတဲ့ကားတွေဆို ဖရိန်နာတတ်တယ်။
၇။ ရေလုံမိုးလုံ စမ်းပါ
ကားအောက်ဝင်ကြည့်လို့ ဖုန်တွေပဲ ရှိရင်ကောင်းတယ်။ ရွှံ့တွေ အထပ်ထပ်ကပ်နေရင် ရေနစ်ကား၊ ရွှံ့ထဲကျကားဖြစ်နိုင်တယ်။
ဆရာကြီးအကြံပေးချက် - ကားဝယ်တော့မယ်ဆို ဖုန်းမီးလေးတစ်လက်နဲ့ ကားအောက်ကို ဝင်ကြည့်ဖို့ ရှက်မနေပါနဲ့။ အပေါ်မှာ ဘယ်လောက်လှလှ၊ အောက်ပိုင်းမကောင်းရင် အဲ့ဒီကားက ဂျင်းကားပါ။
ဒီပို့စ်လေးကို Save ထားပြီး ကားသွားကြည့်တဲ့အခါ တစ်ချက်ချင်း တိုက်စစ်ပါ။ ကားဝယ်မှားမှာဆိုးလို့ သူငယ်ချင်းတွေကိုလည်း Share ပေးလိုက်ပါ။
Credit to Auto Nest

သတင်းများ

ရန်ကုန်မှာ အဝေးပြေးကားဝင်းအသစ် ထပ်ဖွင့်မယ်
ရန်ကုန်မှာ အဝေးပြေးကားဝင်းအသစ် ထပ်ဖွင့်မယ်

"စည်ပင်ရဲ့ အစီအစဥ်နဲ့ လုပ်တာ။ ဘယ်တော့ ပြောင်းရမလဲ မပြောတတ်သေးဘူး ။ အခန်းအစားထိုး ပေးမယ်ထင်တယ် " ရန်ကုန်မြို့မှာ အဝေးပြေးကားဝင်းတခု ထပ်ဖွင့်ဖို့အတွက် စည်ပင်သာယာရေးကော်မတီ (YCDC)က ပြင်ဆင်နေတယ် သတင်းထွက်ပေါ်နေပါတယ်။ လက်ရ...

25 October 2026 ဆက်လက်ဖတ်ရှုရန်
ယနေ့ 23.10.2026 ရက် စက်သုံးဆီစျေး
ယနေ့ 23.10.2026 ရက် စက်သုံးဆီစျေး

ယနေ့ 23.10.2026 ရက် စက်ံသုံ:ဆီစျေး ( ရန်ကုန် ) လီတာ / ကျပ် ဓာတ်ဆီ 92. - 4715 ( + 10 ) ဓာတ်ဆီ 95. - 4835 ( - 15 ) ဒီဇယ်ဆီ. - 4445 ( - 40 ) ပရီမီယံဒီဇယ်ဆီ. - 5375 ( - 65 ) ယနေ့ စျေးသည် 27.10.2026 ရက်ထိ...

23 October 2026 ဆက်လက်ဖတ်ရှုရန်
UC STAR COMPANY မှ ကားပိုင်ရှင်များသို့ ဖိတ်ခေါ်ခြင်း
UC STAR COMPANY မှ ကားပိုင်ရှင်များသို့ ဖိတ်ခေါ်ခြင်း

UC STAR COMPANY မှ ကားပိုင်ရှင်များသို့ ဖိတ်ခေါ်ခြင်း ✨ ယုံကြည်စိတ်ချရမှု၊ ရေရှည်လက်တွဲမှုနှင့် အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုများအတွက် UC STAR COMPANY နှင့်အတူ လက်တွဲလိုက်ပါ။ နှစ်ပေါင်းများစွာ အစဉ်အလာကောင်းများန...

19 October 2026 ဆက်လက်ဖတ်ရှုရန်
သီတင်းကျွတ် အထူး Promotion ကြီး
သီတင်းကျွတ် အထူး Promotion ကြီး

သီတင်းကျွတ် အထူး Promotion ကြီး လာပါပြီခင်ဗျာ! AUTO PARTS MYANMAR မှ ချစ်ရတဲ့ Customer များအတွက် အထူးဈေးနှုန်းနဲ့ ရောင်းချပေးနေပါပြီ။ ဘာပစ္စည်းယူယူ ကြိုက်တာယူ — ၁ သောင်းကျပ်တည်း! 🔥 CAR AIRCON FILTER အထူး Promotion...

19 October 2026 ဆက်လက်ဖတ်ရှုရန်
ရာသီဥတုပူပြင်းချိန် ကားဘီးမပေါက်ရအောင် မဖြစ်မနေ လိုက်နာရမည့် ဆောင်ရန်/ရှောင်ရန်များ
ရာသီဥတုပူပြင်းချိန် ကားဘီးမပေါက်ရအောင် မဖြစ်မနေ လိုက်နာရမည့် ဆောင်ရန်/...

ရာသီဥတု ပူပြင်းလာတာနဲ့အမျှ လမ်းပေါ်မှာ ကားဘီးပေါက်တာ၊ ဘီးပေါက်ပြီး မတော်တဆဖြစ်တာတွေကို ပိုမိုတွေ့မြင်ရလေ့ရှိပါတယ်။ အပူချိန် မြင့်မားချိန်မှာ ကားဘီးတွေ ဘာကြောင့် ပေါက်တတ်သလဲ? ဒီအန္တရာယ်ကနေ ကင်းဝေးအောင် ဘယ်လို ကြိုတင်ကာကွ...

16 October 2026 ဆက်လက်ဖတ်ရှုရန်
  • ပညာမျှဝေချင်သူများနှင့် ပညာရှာချင်သူများ၏ ဆုံစည်းရာနေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    ကျောင်း
  • စားသောက်ဆိုင်အချက်အလက်များနှင့် မြို့တွင်းအကောင်းဆုံးစျေးများကို
    ကြည့်ရှုနိုင်သည့်နေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    ဆိုင်
  • နာမည်ကြီး Tour Agency များမှ ခရီးစဉ်သစ်များနှင့် ခရီးစဉ်ပက်ကေ့ဂျ်များ၏
    နောက်ဆုံးအပ်ဒိတ်များကို ရယူနိုင်မည့်နေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    ခရီး
  • အလုပ်ရှာဖွေလိုသူများနှင့် အလုပ်ကြေညာသူများကို ချိတ်ဆက်ပေးသောနေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    JOB
  • အိမ်ခြံ‌မြေ ရောင်း၀ယ်ငှားရမ်းသူများနှင့် အခုပဲ ချိတ်ဆက်လိုက်ပါ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    အိမ်ခြံမြေ