ရန်ကုန်တွင် Showroom လိုင်စင်မဲ့ ကားအရောင်းအဝယ်များ စစ်ဆေးခံနေရ
=============================
Auto Net Automobile News Agency
၁၀၊ အောက်တိုဘာ။ ၂၀၂၆
ကားရောင်းဝယ်ရေးအတွက် သတ်မှတ်ထားတဲ့ Showroom လိုင်စင်မရှိပဲ တရားမဝင်ကားရောင်းဝယ်ရေးလုပ်ကိုင်နေတဲ့လုပ်ငန်းတွေကို မြို့နယ်အလိုက်ခေါ်ယူစစ်ဆေးနေပြီး မကြာခင်အရေးယူဖို့ရှိနေတယ်လို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူအသိုင်းအဝိုင်းကနေ သိရပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက မြို့နယ်အလိုက်စီစစ်မှုတွေပြုလုပ်ခဲ့ပြီး အများစုက လျောက်ထားဆဲဖြစ်နေတယ်လို့ ဌာနတာဝန်ရှိသူတစ်ဦးကပြောပါတယ်။
အခုလိုစစ်ဆေးမှုဟာ ရန်ကုန်တိုင်းဒေသကြီးတစ်ခုတည်းသာဖြစ်ပြီး အခြားတိုင်းဒေသကြီးနှင့်ပြည်နယ်တွေမှာ စီစစ်တာတွေမရှိဘူးလို့လည်း သိရပါတယ်။
"လိုင်စင်က ရေဆေးဆီထိုးလိုင်စင်ပဲ။ ရေဆေးဆီထိုး စည်ပင်လိုင်စင်နဲ့ ရောင်းနေကြတာ။ ကားဆိုတာက ခုံလေးတစ်လုံးရှိရင်တောင်ရောင်းလို့ရနေတာ ဆရာတို့သိတာပဲ။ အခုက တော်တော်များများကို စီစစ်ပြီးပါပြီ။ အရေးယူဖို့ရှိနေပါတယ်။ အခုလိုစီစစ်လိုက်တော့ လိုင်စင်မရှိပဲ၊ လိုင်စင်မကျသေးပဲ လုပ်ငန်းလုပ်နေကြတာတွေ အများကြီးတွေ့တယ်ပေါ့။ တင်ထားဆဲတွေက အခြေအနေအကြောင်းကြောင်းကြောင့်ကြန့်ကြာတာပေါ့။ လိုင်စင်မရှိပဲ လုပ်နေကြတာတွေကိုတော့ အထက်ကိုတင်ပြထားပါတယ်" လို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့တာဝန်ရှိသူတစ်ဦးက Auto Net ကိုပြောပါတယ်။
credit to 𝐀𝐮𝐭𝐨 𝐍𝐞𝐭



