Loading...

EV ကားများ၏ Battery Range (မောင်းနှင်နိုင်သည့် အကွာအဝေး) ကို ပုံသေနည်းဖြင့် တွက်ချက်နည်း

17 September 2026
BIB Admin

𝐄𝐕 𝐑𝐚𝐧𝐠𝐞 ကို ဘယ်လိုတွက်သလဲ ❓
𝐄𝐕 ကားတစ်စီး မောင်းနှင်ရာမှာ 𝐄𝐕 𝐑𝐚𝐧𝐠𝐞 ဆိုတာ ရိုးရိုး ကီလိုမီတာ ကိန်းဂဏန်းတစ်ခု မဟုတ်ပါဘူး။
မိမိ မောင်းနှင်မဲ့ ခရီးစဉ်အတွက် စိတ်အေးချမ်းသာစွာ အထိရောက်ဆုံး စီမံခန့်ခွဲနိုင်ဖို့ အရေးအကြီးဆုံး သော့ချက် ဖြစ်ပါတယ်။
𝐄𝐕 𝐑𝐚𝐧𝐠𝐞 ကို သေချာ တွက်ချက်သိရှိထားခြင်းက ခရီးစဉ်စီမံခန့်ခွဲမှုကို ပိုမိုအဆင်ပြေလွယ်ကူစေသလို ခရီးစရိတ်ကို တွက်ချေကိုက်စေနိုင်ပြီး ဘတ်ထရီအားကုန်မလား ဆိုတဲ့ ပူပန်မှုတွေကိုလည်း ကင်းစေမှာပါ။
ဒါကြောင့် ဒီနေ့မှာတော့ 𝐒𝐊𝐘𝐖𝐎𝐑𝐓𝐇 𝐄𝐕 𝐌𝐲𝐚𝐧𝐦𝐚𝐫 က 𝐄𝐕 ကားချစ်သူတွေအတွက် 𝐄𝐕 𝐑𝐚𝐧𝐠𝐞 ကို ဘယ်လိုတွက်ချက်သလဲဆိုတာကို မျှဝေပေးလိုက်ပါတယ်နော်။
📝 ပထမဆုံး ကားရဲ့ ဘတ်ထရီပမာဏကို ကီလိုမီတာ ၁၀၀ မောင်းနှင်ရန် ကုန်ကျသည့် လျှပ်စစ်စားသုံးမှုနှုန်းနဲ့ စားပါ။
📝 ရရှိလာတဲ့ ရလဒ်ကို ၁၀၀ နဲ့ မြှောက်ပေးရင် ကားတစ်စီး အားအပြည့်ဖြင့် မောင်းနှင်နိုင်တဲ့ စုစုပေါင်း ကီလိုမီတာ ကိုသိရှိနိုင်မှာပါခင်ဗျာ။
ဥပမာ -
𝐒𝐊𝐘𝐖𝐎𝐑𝐓𝐇 𝐄𝐕 𝐊 𝟓𝟐𝟎 𝐀𝐈𝐑 မှာဆိုရင်….
𝐁𝐚𝐭𝐭𝐞𝐫𝐲 𝐂𝐚𝐩𝐚𝐜𝐢𝐭𝐲 = 𝟕𝟏.𝟗𝟖𝟒 𝐤𝐖𝐡
𝐄𝐧𝐞𝐫𝐠𝐲 𝐂𝐨𝐧𝐬𝐮𝐦𝐩𝐭𝐢𝐨𝐧 = 𝟏𝟓.𝟔𝐤𝐖𝐡/𝟏𝟎𝟎 𝐤𝐦 ဖြစ်တာကြောင့်
(𝟕𝟏.𝟗𝟖𝟒 /𝟏𝟓.𝟔) * 𝟏𝟎𝟎 = 𝟒𝟔𝟏 𝐤𝐦 ဆိုတဲ့ 𝐄𝐕 𝐑𝐚𝐧𝐠𝐞 လေး ရလာပါတယ်။
တစ်ခုသတိထားရမှာက 𝐄𝐕 ကားတွေမှာ ဖော်ပြထားတဲ့ 𝐍𝐄𝐃𝐂 သို့မဟုတ် 𝐂𝐋𝐓𝐂 စံနှုန်းတွေက ဓာတ်ခွဲခန်းသုံး စမ်းသပ်ချက်တွေပေါ် အခြေခံထားတာ ဖြစ်တာကြောင့်…..
မောင်းနှင်သည့် အရှိန်နှုန်း၊ 𝐀𝐢𝐫𝐜𝐨𝐧 အသုံးပြုမှု၊ လမ်းကြောင်း အခြေအနေ၊ ကားပေါ်ပါ လူနှင့်ပစ္စည်း အလေးချိန် စတဲ့ အချက်တွေပေါ် မူတည်ပြီး လက်တွေ့မောင်းနှင်နိုင်တဲ့ ကီလိုမီတာက အပြောင်းအလဲ ရှိနိုင်ပါတယ်။
ကိုယ့်ကားရဲ့ 𝐄𝐕 𝐑𝐚𝐧𝐠𝐞 ကို ကြိုတင်တွက်ဆရင်း အဆင်ပြေချောမွေ့တဲ့ ခရီးစဉ်တွေ ပိုင်ဆိုင်ကြပါစေခင်ဗျာ။
📞𝐇𝐨𝐭𝐥𝐢𝐧𝐞 - 𝟎𝟗-𝟕𝟔𝟕𝟖𝟓𝟖𝟓𝟖𝟓
📍𝐒𝐡𝐨𝐰𝐫𝐨𝐨𝐦 𝐀𝐝𝐝𝐫𝐞𝐬𝐬 - 𝐍𝐨 (𝟕𝟖), 𝐈𝐧𝐲𝐚 𝐑𝐨𝐚𝐝, 𝐁𝐞𝐭𝐰𝐞𝐞𝐧 𝐒𝐭. 𝐀𝐮𝐠𝐮𝐬𝐭𝐢𝐧𝐞 𝐂𝐚𝐭𝐡𝐨𝐥𝐢𝐜 𝐂𝐡𝐮𝐫𝐜𝐡 𝐚𝐧𝐝 𝐈𝐧𝐲𝐚 𝐑𝐨𝐚𝐝 𝐓𝐫𝐚𝐟𝐟𝐢𝐜 𝐋𝐢𝐠𝐡𝐭, 𝐊𝐚𝐦𝐚𝐲𝐮𝐭 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧.
by SKYWORTH EV MYANMAR

သတင်းများ

အွန်လိုင်းက ကားအရောင်းပိတ်ပင်မှုနဲ့ ဝယ်ရောင်းကိစ္စတွေမှာ အခွန်စိစစ်မယ့်ဂယက်‌တွေကြောင့် ကားဈေးအနည်းငယ်ကျလာ
အွန်လိုင်းက ကားအရောင်းပိတ်ပင်မှုနဲ့ ဝယ်ရောင်းကိစ္စတွေမှာ အခွန်စိစစ်မယ့...

‎ရန်ကုန်၊ အောက်တိုဘာ ၁၂၊ ၂၀၂၆။ အွန်လိုင်းကနေ ကားအရောင်းအဝယ်လုပ်ခွင့် ပိတ်ပင်လိုက်တာနဲ့ ကားဝယ်ရောင်း ပွဲစားတွေအပေါ် ဝယ်ရောင်းကိစ္စတွေမှာ အခွန်စိစစ်မယ့် သတင်းတွေကြောင့် ကားဈေး အနည်းငယ်ကျဆင်းနေတယ်လို့ ကားပွဲစားအသိုင်းအဝို...

12 October 2026 ဆက်လက်ဖတ်ရှုရန်
ကားတစ်စီးလုံးရဲ့ Sensors (၁၂) မျိုးအကြောင်း
ကားတစ်စီးလုံးရဲ့ Sensors (၁၂) မျိုးအကြောင်း

​1. Crankshaft Position Sensor (CKP) 🔄 ​အလုပ်လုပ်ပုံ: အင်ဂျင်ရဲ့ အဓိကဝင်ရိုး (Crankshaft) လည်ပတ်နှုန်းနဲ့ တည်နေရာကို တိုင်းတာပေးပါတယ်။ ​အင်ဂျင် မီးပေးချိန် (Ignition) နဲ့ ဆီဖြန်းချိန် (Fuel Injection) ကို အတိအကျသိဖို့...

12 October 2026 ဆက်လက်ဖတ်ရှုရန်
ယာဥ်မောင်းလိုင်စင်သက်တမ်းတိုး အပြောင်းအလဲတချို့
ယာဥ်မောင်းလိုင်စင်သက်တမ်းတိုး အပြောင်းအလဲတချို့

အပြောင်းအလဲတချို့… 📌 ယာဉ်မောင်းလိုင်စင်သက်တမ်းတိုးတွေက ဓာတ်ပုံ၃ပုံလိုလာပါပြီ၊ နောက်ခံအပြာဖြစ်ရမယ်၊ ယောက်ျားလေးဆိုရင် အင်္ကျီ​မှာကော်လံပါရပါမယ်… 📌 ကားအမည်ပြောင်းသက်တမ်းတိုးတွေ ရပ်ကွက်မှာ နေထိုင်ကြောင်းထောက်ခံစာပါယူခဲ့...

12 October 2026 ဆက်လက်ဖတ်ရှုရန်
Mingalarpar EV Charging Station
Mingalarpar EV Charging Station

မင်္ဂလာပါ Mingalarpar EV Charging Station က ကြိုဆိုပါတယ်။ ပြင်ဦးလွင် ပဒေသာကားကြီးကွင်းထောင့်မှာရှိပါတယ်။ CCS2 လဲရပါတယ်။ မနက် ၆နာရီခွဲမှ ည၈နာရီအထိရပါတယ်၊ ည၈နာရီ ရောက်ရင် ပြီးတဲ့အထိသွင်းပေးပါတယ်။ ၈နာရီကျော်မှရောက...

12 October 2026 ဆက်လက်ဖတ်ရှုရန်
CMHL နှစ် ၃၀ ပြည့်အထိမ်းအမှတ်အနေနဲ့ စျေးဝယ်ရင်း EV ကားသစ်ကြီး ပိုင်ဆိုင်ခွင့်ရရှိနိုင်မဲ့ အခွင့်အရေးကြီး
CMHL နှစ် ၃၀ ပြည့်အထိမ်းအမှတ်အနေနဲ့ စျေးဝယ်ရင်း EV ကားသစ်ကြီး ပိုင်ဆို...

CMHL နှစ် ၃၀ ပြည့်အထိမ်းအမှတ်အနေနဲ့ စျေးဝယ်ရင်း EV ကားသစ်ကြီး ပိုင်ဆိုင်ခွင့်ရရှိနိုင်မဲ့ အခွင့်အရေးကြီး လာပါပြီ….🚘 Lucky Draw အစီအစဥ်လေးကတော့ ဆိုင်ခွဲတိုင်းမှာ ကျပ် ၁၅,၀၀၀ ဖိုးဝယ်ယူတာနဲ့ ကံစမ်းခွင့် ၁ ကြိမ်၊ ကျပ် ၃၀,၀...

11 October 2026 ဆက်လက်ဖတ်ရှုရန်
  • ပညာမျှဝေချင်သူများနှင့် ပညာရှာချင်သူများ၏ ဆုံစည်းရာနေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    ကျောင်း
  • စားသောက်ဆိုင်အချက်အလက်များနှင့် မြို့တွင်းအကောင်းဆုံးစျေးများကို
    ကြည့်ရှုနိုင်သည့်နေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    ဆိုင်
  • နာမည်ကြီး Tour Agency များမှ ခရီးစဉ်သစ်များနှင့် ခရီးစဉ်ပက်ကေ့ဂျ်များ၏
    နောက်ဆုံးအပ်ဒိတ်များကို ရယူနိုင်မည့်နေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    ခရီး
  • အလုပ်ရှာဖွေလိုသူများနှင့် အလုပ်ကြေညာသူများကို ချိတ်ဆက်ပေးသောနေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    JOB
  • အိမ်ခြံ‌မြေ ရောင်း၀ယ်ငှားရမ်းသူများနှင့် အခုပဲ ချိတ်ဆက်လိုက်ပါ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    အိမ်ခြံမြေ