2027 Lynk & Co 08 EM-P Refresh ကို နိုဝင်ဘာ ၅ ရက်မှာ မိတ်ဆက်မည်။
မိတ်ဆက်ပွဲမတိုင်ခင် ထွက်ပေါ်လာတဲ့ Teaser ဓာတ်ပုံတွေမှာတော့ အရောင်သစ်ဖြစ်တဲ့ Vibrant Orange ကို မြင်တွေ့ရပြီး နည်းပညာပိုင်းမှာလည်း အဆင့်မြှင့်တင်မှုတွေ ပါဝင်လာဖွယ်ရှိပါတယ်။
စိတ်ဝင်စားစရာ အချက်တွေကတော့
EV Range ပိုမိုတိုးလာနိုင်ခြင်း
လက်ရှိမော်ဒယ်မှာ 38.2 kWh LFP Battery နဲ့ CLTC Range 230 km အထိ မောင်းနှင်နိုင်ပါတယ်။ Refresh Model အသစ်မှာတော့ EV Range ထပ်မံတိုးလာနိုင်သလို NMC Battery ပြောင်းလဲအသုံးပြုလာနိုင်တယ်လို့လည်း သတင်းထွက်ပေါ်နေပါတယ်။
612 HP အထိ ထုတ်လုပ်နိုင်တဲ့ AWD Version
လက်ရှိ AWD Version မှာ 1.5L Turbo Engine နဲ့ Electric Motors တွေကို ပေါင်းစပ်ထားပြီး Combined Power 456 kW (612 hp) အထိ ထုတ်လုပ်ပေးနိုင်ပါတယ်။
Advanced Intelligent Driving
Technology
Roof-mounted LiDAR၊ Radar ၃ ခု၊ Ultrasonic Radar ၁၂ ခုနဲ့ Camera ၁၁ လုံးအပြင် NVIDIA Orin-Y Processor ကို အသုံးပြုထားပါတယ်။ အမြင့်ဆုံး AWD Version မှာတော့ NVIDIA 700 TOPS AGX Thor Processor အထိ ပါဝင်ပါတယ်။
ကိုယ်ထည်အရွယ်အစား
Length – 4,825 mm
Width – 1,915 mm
Height – 1,660 mm
Wheelbase – 2,848 mm
လက်ရှိတရုတ်ဈေးနှုန်း
175,800 – 228,800 Yuan (USD 26,400 – 34,300 ဝန်းကျင်)
PHEV နည်းပညာ၊ စွမ်းဆောင်ရည်မြင့် AWD စနစ်နဲ့ EV Range ကောင်းမွန်မှုတို့ကို ပေါင်းစပ်ထားတဲ့ Lynk & Co 08 EM-P ဟာ တရုတ် SUV ဈေးကွက်မှာ စိတ်ဝင်စားစရာကောင်းတဲ့ မော်ဒယ်တစ်ခု ဖြစ်ပါတယ်။
2027 Refresh Model မှာ EV Range ဘယ်လောက်အထိ တိုးလာမလဲဆိုတာ နိုဝင်ဘာ ၅ ရက် မိတ်ဆက်ပွဲမှာ စောင့်ကြည့်ရတော့မှာပါ။
credit to EVAN Automobile



