EV Battery ထိန်းသိမ်းနည်း
မြန်မာနိုင်ငံလို ပူပြင်းတဲ့ရာသီဥတုရှိတဲ့ နေရာမှာ EV ကားအသုံးပြုနေသူတွေအတွက် Battery သက်တမ်းရှည်ဖို့ဆိုတာ အရေးကြီးတဲ့အချက်တစ်ခုပါ။
ဒါကြောင့် EV ကားဝယ်ပြီးတဲ့အခါ လူအများစု မေးလေ့ရှိတဲ့ မေးခွန်းတစ်ခုကတော့ “Battery ကို 80% ပဲ သွင်းသင့်တာလား၊ 100% အပြည့်သွင်းလို့ရလား” ဆိုတာပါပဲ။
တကယ်တော့ အဖြေက ကိုယ့်ကားမှာ အသုံးပြုထားတဲ့ Battery အမျိုးအစားပေါ် မူတည်ပါတယ်။
လက်ရှိ မြန်မာ EV ကားတွေမှာ သုံးကြတဲ့ Battery အမျိုးအစား ၂ မျိုးရှိပါတယ်။
🔋 NMC နဲ့ LFP ပါ
NMC (Nickel Manganese Cobalt) Battery တွေမှာတော့ နေ့စဉ်အသုံးပြုမှုအတွက် 80% ဝန်းကျင်အထိသာ အားသွင်းထားခြင်းက Battery ရဲ့ ရေရှည်ကျန်းမာရေးကို အထောက်အကူဖြစ်ပါတယ်။ ခရီးဝေးသွားမယ့်အချိန်မျိုးမှာတော့ 100% အထိ သွင်းနိုင်ပါတယ်။
LFP Battery တွေဟာ အပူဒဏ်ခံနိုင်မှုနဲ့ သက်တမ်းပိုင်းမှာ NMC Battery ထက် အားသာချက်ရှိတတ်ပါတယ်။ LFP Battery အသုံးပြုထားတဲ့ ကားအချို့မှာ Battery Percentage တွက်ချက်မှု မှန်ကန်နေစေဖို့ 100% အပြည့်သွင်းပေးဖို့ ထုတ်လုပ်သူက အကြံပြုထားတာမျိုးလည်း ရှိပါတယ်။
ဒါပေမဲ့ LFP ဖြစ်တာနဲ့ နေ့တိုင်း 100% သွင်းပြီး အချိန်ကြာကြာထားသင့်တယ်လို့ မဆိုလိုပါဘူး။
အရေးကြီးတာက Battery အမျိုးအစားတစ်ခုတည်းကို ကြည့်ပြီး ဆုံးဖြတ်တာထက် ကိုယ့်ကားထုတ်လုပ်သူရဲ့ Charging Recommendation ကို ဦးစားပေးလိုက်နာဖို့ပါပဲ။
အဲ့ဒါကို Internet မှာသော်လည်းကောင်း
ကားဝယ်ရင်းပါလာတဲ့ Manual စာအုပ်မှာသော်လည်းကောင်း ရေးထားတတ်ပါတယ်။
များသောအားဖြင့်
20% - 80% သို့မဟုတ်
10%-90% သွင်းဖို့ recommend လုပ်တတ်ကြတယ်။ ပြီးတော့ EV battery cell balancing ဖြစ်ရအောင် တစ်လတစ်ခါတလောက် 100% အထိ အားသွင်းရင်ပိုကောင်းပါတယ်။
EV Battery တွေဟာ အပူချိန်မြင့်တဲ့ အခြေအနေမှာ အချိန်ကြာကြာရှိရင် Degradation (စွမ်းဆောင်ရည် ကျဆင်းမှု) ပိုမြန်လာနိုင်ပါတယ်။ ဒါကြောင့် နေပူထဲ အချိန်ကြာကြာ ရပ်ထားတာကို တတ်နိုင်သလောက် လျှော့ချသင့်ပါတယ်။
⚡ EV Guide Myanmar ရဲ့ အကြံပြုချက်ကတော့
- Charging Limit သတ်မှတ်ပါ
- ခရီးဝေးသွားရင် 100% သွင်းပါ။
- တတ်နိုင်ရင် အရိပ်ထဲမှာ ရပ်ပါ
- Battery Cooling System အလုပ်လုပ်မှု မှန်မမှန် စစ်ဆေးပါ။
EV Battery သက်တမ်းရှည်ဖို့ဆိုတာ အားသွင်းသည့် Percentage တစ်ခုတည်းမက အပူချိန်နှင့် နေ့စဉ် အသုံးပြုမှု အလေ့အထများပေါ်လည်းမူတည်ပါသည်။
Credit to EV Guide Myanmar



