Loading...

Rolls-Royce ကို ယှဉ်ပြိုင်မယ့် BYD ရဲ့ ဇိမ်ခံဆီဒင်ကားသစ် Yangwang Altior

30 October 2026
BIB Admin

တရုတ်ကားထုတ်လုပ်ရေးကုမ္ပဏီ BYD ရဲ့ အဆင့်မြင့်ဇိမ်ခံကားအမှတ်တံဆိပ် Yangwang က Rolls-Royce Ghost ကို ယှဉ်ပြိုင်မယ့် Flagship Sedan ကားသစ် Yangwang Altior ကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၅ ရက်နေ့မှာ ဒူဘိုင်းမြို့၌ ပထမဆုံးအကြိမ် အများပြည်သူရှေ့ ထုတ်ဖော်ပြသသွားမှာ ဖြစ်ပါတယ်။
ယခင်က “HU” ဆိုတဲ့ ကုဒ်နာမည်နဲ့ သိရှိခဲ့ရတဲ့ ဒီကားဟာ BYD ရဲ့ U8 နဲ့ U9 မော်ဒယ်တွေထက် ပိုမိုမြင့်မားတဲ့ ဇိမ်ခံကားအဆင့်ကို ရည်ရွယ်ထားပါတယ်။
အဓိက သိထားသင့်တဲ့ အချက်များ
ကားအရှည် – ၅,၅၀၀ မီလီမီတာ (၂၁၇ လက်မ)
Wheelbase – ၃,၃၅၀ မီလီမီတာ
တံခါးဒီဇိုင်း – နောက်ဘက်တံခါးကို နောက်သို့ဖွင့်ရတဲ့ Coach Door ပုံစံ
နည်းပညာ – ခေါင်မိုးပေါ်တွင် LiDAR Sensor တပ်ဆင်ထားl
ဒီဇိုင်း – Yangwang U8 ရဲ့ ဒီဇိုင်းအယူအဆတချို့ကို အသုံးပြုထား
တရုတ်ပြည်တွင်းအမည် – Dingyao
နိုင်ငံတကာဈေးကွက်အမည် – Altior
ဈေးကွက်သတင်းများအရ Yangwang Altior ဟာ Rolls-Royce Ghost၊ Mercedes-Maybach S-Class နဲ့ Huawei-JAC Maextro S800 တို့ကို အဓိကယှဉ်ပြိုင်သွားဖို့ ရည်ရွယ်ထားပါတယ်။
ခန့်မှန်းဈေးနှုန်း
တရုတ်မီဒီယာများရဲ့ ဖော်ပြချက်အရ ယွမ် ၂ သန်းခန့် (အမေရိကန်ဒေါ်လာ ၃ သိန်းဝန်းကျင်) ရှိနိုင်တယ်လို့ ခန့်မှန်းထားပေမယ့် BYD ဘက်က တရားဝင်အတည်ပြုထားခြင်း မရှိသေးပါဘူး။
လက်ရှိအချိန်အထိ ကားရဲ့ အင်ဂျင်စနစ်၊ ဘက်ထရီနည်းပညာနဲ့ စွမ်းအားအချက်အလက်တွေကိုလည်း တရားဝင်ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။
နောက်ဆုံးသတ်မှတ်ချက်တွေနဲ့ တရားဝင်ဈေးနှုန်းကို ဒူဘိုင်းမိတ်ဆက်ပွဲမှာ ဆက်လက်သိရှိရဖို့ မျှော်လင့်ရပါတယ်။
credit

သတင်းများ

Changan Deepal Nevo Hunter EV
Changan Deepal Nevo Hunter EV

Exclusive pictures of the newly launched Changan Deepal Nevo Hunter REEV.

30 October 2026 ဆက်လက်ဖတ်ရှုရန်
တရုတ်ကားထုတ်လုပ်သူတွေ ဥရောပဈေးကွက်မှာ ဂျပန်ကားကုမ္ပဏီတွေကို ပထမဆုံးအကြိမ် ကျော်တက်လာ
တရုတ်ကားထုတ်လုပ်သူတွေ ဥရောပဈေးကွက်မှာ ဂျပန်ကားကုမ္ပဏီတွေကို ပထမဆုံးအကြ...

တရုတ်ကားအမှတ်တံဆိပ်တွေဟာ ဥရောပဈေးကွက်မှာ သုံးလပတ်တစ်ခုအတွင်း ရောင်းအားအရ ဂျပန်ကားထုတ်လုပ်သူတွေကို ပထမဆုံးအကြိမ် ကျော်တက်လာခဲ့ပါတယ်။ BYD နဲ့ Chery တို့လို တရုတ်ကားကုမ္ပဏီတွေရဲ့ ဈေးကွက်ဝေစု တိုးတက်လာမှုကို ဒီရလဒ်က ဖော်ပြနေ...

30 October 2026 ဆက်လက်ဖတ်ရှုရန်
မျိုးဆက်သစ် Lexus ES 2026 ကို အင်ဒိုနီးရှားမှာ မိတ်ဆက်ပြသ — Hybrid နဲ့ EV ဗားရှင်းနှစ်မျိုး ရရှိနိုင်
မျိုးဆက်သစ် Lexus ES 2026 ကို အင်ဒိုနီးရှားမှာ မိတ်ဆက်ပြသ — Hybrid နဲ့...

Lexus ရဲ့ ပြပွဲခင်းကျင်းမှုမှာ အဓိကစိတ်ဝင်စားမှုရရှိနေတဲ့ ကားကတော့ မျိုးဆက်သစ် Lexus ES ဖြစ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပနေတဲ့ Gaikindo Indonesia International Auto Show (GIIAS) 2026 မှာ ES မော်ဒယ်သစ်ကို Hybrid န...

30 October 2026 ဆက်လက်ဖတ်ရှုရန်
Chery ရဲ့ Premium Brand Luxeed က ကမ္ဘာ့ဈေးကွက်အတွက် NEV မော်ဒယ်သစ် ၆ မျိုး မိတ်ဆက်မည်
Chery ရဲ့ Premium Brand Luxeed က ကမ္ဘာ့ဈေးကွက်အတွက် NEV မော်ဒယ်သစ် ၆ မ...

တရုတ်ကားထုတ်လုပ်ရေးကုမ္ပဏီ Chery နဲ့ Huawei တို့ ပူးပေါင်းတည်ထောင်ထားတဲ့ Premium Brand Luxeed ဟာ ကမ္ဘာ့ဈေးကွက်ကို တိုးချဲ့ဝင်ရောက်ဖို့ New Energy Vehicle (NEV) မော်ဒယ်သစ် ၆ မျိုးအထိ မိတ်ဆက်သွားဖို့ စီစဉ်နေပါတယ်။ ၂၀၂၃ ခု...

30 October 2026 ဆက်လက်ဖတ်ရှုရန်
Tesla Roadster ကို Los Angeles ရှိ Petersen Museum မှာ ပထမဆုံး အများပြည်သူကြည့်ရှုနိုင်ပြီ
Tesla Roadster ကို Los Angeles ရှိ Petersen Museum မှာ ပထမဆုံး အများပြ...

Tesla ရဲ့ အသစ်မိတ်ဆက်ထားတဲ့ Roadster ပြိုင်ကားကို အမေရိကန်နိုင်ငံ၊ Los Angeles မြို့ရှိ Petersen Automotive Museum မှာ အောက်တိုဘာ ၂၄ ရက်ကစပြီး ပထမဆုံးအကြိမ် အများပြည်သူကို ပြသခဲ့ပါတယ်။ ဒီကားကို Texas ပြည်နယ်မှာ ပွဲထုတ်ပ...

30 October 2026 ဆက်လက်ဖတ်ရှုရန်
  • ပညာမျှဝေချင်သူများနှင့် ပညာရှာချင်သူများ၏ ဆုံစည်းရာနေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    ကျောင်း
  • စားသောက်ဆိုင်အချက်အလက်များနှင့် မြို့တွင်းအကောင်းဆုံးစျေးများကို
    ကြည့်ရှုနိုင်သည့်နေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    ဆိုင်
  • နာမည်ကြီး Tour Agency များမှ ခရီးစဉ်သစ်များနှင့် ခရီးစဉ်ပက်ကေ့ဂျ်များ၏
    နောက်ဆုံးအပ်ဒိတ်များကို ရယူနိုင်မည့်နေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    ခရီး
  • အလုပ်ရှာဖွေလိုသူများနှင့် အလုပ်ကြေညာသူများကို ချိတ်ဆက်ပေးသောနေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    JOB
  • အိမ်ခြံ‌မြေ ရောင်း၀ယ်ငှားရမ်းသူများနှင့် အခုပဲ ချိတ်ဆက်လိုက်ပါ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    အိမ်ခြံမြေ